ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၊၂၀၂၃
တအောင်းတပ်မတော် PSLF/TNLA သည် နိုဝင်ဘာလ ၁ ရက်နေ့တွင် စစ်ကောင်စီတပ်စခန်း ၃ ခုကို လက်နက်ခဲယမ်းများ နှင့်အတူ သိမ်းဆည်းခဲ့ကြောင်း TNLA သတင်းပြန်ကြားရေးထံမှ သိရသည်။
တပ်မဟာ(၅) စစ်ဒေသ၊ မိုင်းယု-နမ့်ဖတ်ကာကြားရှိ စစ်ကောင်စီ ရင်ကွဲတောင် တပ်စခန်းကို နိုဝင်ဘာ ၁ ရက်နေ့ နေ့လည် ၃ နာရီ ၁၅ မိနစ်အချိန်တွင် တအောင်းတပ်မတော် PSLF/TNLA က သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ နေ့လည် ၃ နာရီ ၄၅ မိနစ်အချိန်တွင် တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်၊ နမ့်ခမ်းမြို့အဝင်ရှိ စစ်ကောင်စီနှင့် ပြည်သူစစ် မန်ခမ်းတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA မှ ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း ဆိုထားပါသည်။
ဆက်လက်ပြီး တပ်မဟာ(၁)စစ်ဒေသ၊ မူဆယ်မြို့နယ် စယ်လန့်ကျေးရှိ စစ်ကောင်စီ နှင့် စိန်ကျော့ ပြည်သူ့စစ် တပ်စခန်းကိုလည်း တအာင်းတပ်မတော် PSLF/TNLA မှ ယမန်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ပြင်ဦးလွင်မှ စစ်ကောင်စီတပ် စစ်ကား ၂၂ စီး၊ သံကျပ်ကာ ၂စီးဖြင့် ထိုးစစ်ဆင်လာသည်ကို အုမ္မခါးကျေးရွားအနီးတွင် တအာင်းတပ်မတော် PSLF/TNLAနှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့တို့ တားဆီးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
တအောင်းတပ်မတော်မှ ယမန်နေ့တစ်ရက်တွင် စစ်ကောင်စီစစ်သားအလောင်း နှင့် လက်နက် (၆)လက် သိမ်းဆည်းရခဲ့ပြီး သံချပ်ကာ ကား (၁)စီးကိုလည်း RPG-7ဖြင့် ပစ်ခတ်နိုင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်မှ အုမ္မခါးနှင့် ဆမ်မဆယ် ကျေးရွာကို လေကြောင်းဖြင့် ၂ ကြိမ် ပစ်ခတ်ခဲ့ပြီး ကျောက်မဲ ၅၀၂ တပ်စခန်းမှ လက်နက်ကြီးဖြင့်လည်း နောင်ပြစ်ကျေးရွာအနီးတွင် အကြိမ်ရေ ၂၀ ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားပါသည်။