ခမ်းသားငေါဝ်း
‌နိုဝင်ဘာ ၁၊၂၀၂၃
စစ်ကောင်စီ‌ကြောင့် နိုင်ငံတစ်ဝန်းတွင် သတ်ဖြတ်ခံရသည့်အမျိုသမီး (၆၃၀) ဦး နှင့် ကလေးသူငယ် (၄၇၆) ဦးရှိကြောင်း AAPP ထုတ်ပြန်ချက်အရ သိရသည်။
စစ်တပ်အာဏာသိမ်းရန် ကြိုးစားသည့်နေ့မှစပြီး အောက်တိုဘာလ ၃၁ ရက်နေ့အထိ စစ်ကောင်စီကြောင့် မြန်မာနိုင်ငံတစ်ဝန်းတွင် အမျိုးသမီးများ နှင့် ကလေးများ သေဆုံးမှုစာရင်း ဖမ်းဆီးခံရစာရင်းများကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။
လက်ရှိ နိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီ‌ကြောင့် သတ်ဖြတ်ခံရသည့်အမျိုသမီး (၆၃၀) ဦးရှိပြီး ထိုအထဲတွင် စစ်ကိုင်းတိုင်းမှ အများဆုံးပါဝင်နေကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတစ်ဝန်းရှိ ဖမ်းဆီးခံရသည့်အမျိုးသမီး (၅၀၇၃) ဦးရှိပြီး ရန်ကုန်တိုင်းမှ အများဆုံးဖြစ်ပြီးဖမ်းဆီးခံရသည့် ကလေးသူငယ်များ (၉၆၁) ဦးရှိကာ သတ်ဖြတ်ခံရသူ (၄၇၆) ဦးရှိကြောင်းသိရသည်။
အခုချိန်ထိ စစ်တပ်နှင့် ၎င်းတို့၏ လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ပြည်သူပေါင်း ( ၄၁၆၃)ဦးရှိပြီး အာဏာသိမ်းရန်ကြိုးစားချိန်မှစ၍ ဖမ်းဆီးခံရသူ နိုင်ငံရေးအကျဉ်းသား ( ၂၅၃၆၃) ဦးရှိကြောင်း ဖော်ပြထားပါသည်။
ယခုရက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များ တိုက်ပွဲပြင်းထန်နေသောကြောင်း အဆိုပါဒေသများတွင်လည်း အရပ်သားပြည်သူများထိခိုက်မှု သေဆုံးမှုများ ရှိနိုင်‌သည်။

Leave a Reply

Your email address will not be published. Required fields are marked *