ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂ ၊၂၀၂၃
စစ်ဆင်ရေး ၇ ရက်တာတွင် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ နှင့် ကြူကုတ် (ပန်ဆိုင်း) မြို့များကို အလုံးစုံထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း မဟာမိတ် ၃ ဖွဲ့ က ယနေ့တွင် ထုတ်ပြန်သည်။
မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့သည် အောက်တိုဘာ ၂၇ ရက်နေ့မှ ယနေ့ နိုဝင်ဘာ ၂ ရက်နေ့ထိ ၁၀၂၇ စစ်ဆင်ရေး ၇ ရက်တာတွင် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ နှင့် ကြူကုတ် (ပန်ဆိုင်း) မြို့များကို အလုံးစုံထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။
အောက်တိုဘာ ၃၁ ရက်နေ့တွင် မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ ဖောင်းဆိုင်ဒေသမှ ရန်သူ့သံချပ်ကာကား (၁) စီးကို ထပ်မံသိမ်းဆည်းရရှိခဲ့ပြီး စစ်ဆင်ရေး (၆) ရက်တာကာလအတွင်း သံချပ်ကာစုစုပေါင်း (၆) စီးအား သိမ်းဆည်းရရှိခဲ့ကြောင်း ဆိုထားသည်။
ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့၊ နံနက် (၆း၁၂)နာရီအချိန်ခန့် နှင့် (၇း၄၂) အချိန်တွင် ကိုးကန့်ခရိုင်၊ တုံးရှမ်းဒေသရှိ ရန်သူ့စစ်စခန်း ၂ ခုကို အပြီးသတ်ချေမှုန်းတိုက်ခိုက်ခဲ့ကြောင်း ယနေ့တွင် ထုတ်ပြန်သည်။
အလားတူ ယနေ့ နံနက် (၆:၀၀)အချိန်တွင် တအာင်းတပ်မတော် TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့မှ နောင်ချိုမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာနှင့် အုမ္မတီးကျေးရွားကြား စခန်းချထားသော ရန်သူ့စစ်စခန်း (၁)ခုကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည် ဟု သိရသည်။
နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးကြား ဆက်သွယ်ထားသော ရန်သူ့စစ်ကောင်စီ၏ “ရွှေလီကြိုးတံတားရဲကင်း” အား နေ့လည် (၁၁း၅၀) အချိန်ခန့်တွင် တအာင်းတပ်မတော် TNLA မှ သွားရောက်ရှင်းလင်းခဲ့ ကြောင်း ဖော်ပြထားပါသည်။
ယခုရက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၊ သိန္နီ နှင့် ကွမ်းလုံမြို့များတွင် စစ်ရှိန်မြင့်တက်နေလျက်ရှိ ကြောင်း မဟာမိတ် ၃ဖွဲ့က ထုတ်ပြန်ထားပါသည်။
ပုံ-ညီနောင်မဟာမိတ်(၃)ဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *