ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၊၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသအတွင်း ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခပုံစံအမျိုး
မျိုးကို “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA အနေဖြင့် ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်းနိုဝင်ဘာ(၁)ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
UWSA ထိန်းချုပ်နယ်မြေအတွင်း စစ်ရေးအရ လေကြောင်း ကြည်းကြောင်းမှ ဆိုးရွာသောထိုးနှက်မှု၊ နယ်မြေကျူးကျော်လာမှုရှိလာပါက တုံ့ပြန်တိုက်ထုတ်သွားမည် ဟု ဖော်ပြထားသည်။
“ဝ”ပြည်နယ် နယ်မြေလုံခြုံရေး နှင့် စစ်သားများ၊ အရပ်သားပြည်သူများအားလုံး၏ အသက်နှင့် ပိုင်ဆိုင်မှုလုံခြုံရေးကို ခြွင်းချက်မရှိ အကာအကွယ်ပေးသွားမည်ဖြစ်ကြောင်းဆိုထားသည်။
ယခုတလော ဖြစ်ပွားနေသည့်ပဋိပက္ခများကြောင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး
အတွက် အခက်ခဲများနှင့် စိန်ခေါ်မှုအသစ်ဖြစ်စေသလို အင်အားသုံး၍ ပြဿနာကိုဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမဟုတ်ပေ ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အောက်တိုဘာလ၂၇ ရက်နေ့ နံနက်(၄)နာရီမှ စတင်ပြီး ကိုးကန့်ဒေသတွင် ဖြစ်ပွားနေသည့်
တိုက်ပွဲသည် အံ့အားသင့်စွာဖြစ်ပွားနေခြင်းကြောင့် ကိုးကန့်ဒေသရှိပြည်သူများလည်း အိုးမဲ့အိမ်မဲ့ဖြစ်ပွားစေသည် ဟု ဆိုသည်။
တိုက်ပွဲများကြောင့် “ဝ”ပြည်သို့ ဝင်ရောက်လာသည့် ဒုက္ခသည်များရှိပါက လူသားချင်းစာနာထောက်ထားမှုနှင့် ခြွင်းချက်မရှိ ပြန်လည်နေရာချထားပေးရေးကိုလည်း လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဆိုထားသည်။
ပုံ- wa channel

Leave a Reply

Your email address will not be published. Required fields are marked *