Month: October 2023

ထိုင်းနိုင်ငံရောက် ပအိုဝ်းရဟန်သံဃာများဦးဆောင်ပြီး ၄၈ နှစ်ပြည့် ပအိုဝ်းအာဇာနည်နေ့ကျင်းပ

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၊ ၂၀၂၃ ထိုင်းနိုင်ငံရောက် ပအိုဝ်းရဟန်သံဃာများဦးဆောင်ပြီး ထိုင်းရောက်ပအိုဝ်းမောင်မယ်များက ၄၈ နှစ်ပြည့် ပအိုဝ်းအာဇာနည်နေ့အထိန်းအမှတ်ကို အောက်တိုဘာ (၂)ရက်ကကျင်းပခဲ့ကြောင်းထိုင်းရောက်လူငယ်တစ်ဦးထံမှသိရသည်။ ပအိုဝ်းအာဇာနည်ခေါင်းဆောင်များကို ဂုဏ်ပြုလေးစား အမှတ်ရနေစေရန် ပအိုဝ်းအာဇာနည်နေ့ ကို ထိုင်းနိုင်ငံရှိ မဟာစူလာကွန်တက္ကသိုလ်ကျောင်းတွင်ကျင်းပကြကြောင်းသိရသည်။ “ပြောချင်တာတော့ထိုင်းနိုင်ငံမှာရှိတဲ့ ပအိုဝ်းလူငယ်တွေပေါ့ ကျွန်တော်တို့နိုင်ငံရေးရဲ့ အခင်းအကျင်းထဲမှာ အရှုတ်ထွေးကြားမှာမှ မိမိအမျိုးသားရဲ့ပန်းတိုင် ရပ်တည်ချက်တိကျခိုင်မာမှု၊ ရပ်တည်ချက်တစ်ခုဖြစ်လာအောင်ပေါ့”ဟု ထိုင်းရောက် ဖြားဗွာလို့ယွဲးအဖွဲ့ဝင်ခွန်ဇော်သက်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။…

မော်ချီးဒေသတွင် ဆန်ကြမ်းတစ်အိတ်ကို ကျပ် ၄ သိန်းဖြင့်ဝယ်ယူနေရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၊ ၂၀၂၃ ကရင်နီပြည်နယ်၊ မော်ချီးဒေသတွင် ဆန်းကြမ်းတစ်အိတ်ကို ကျပ် ၄ သိန်းဖြင့်ဝယ်ယူစားသုံးနေရကြောင်း ဒေသခံတစ်ဦးထံမှသိရပါတယ်။ လွိုင်ကော်မှ မော်ချီးသို့သွားသည့်လမ်းကြောင်း ပိတ်ထားခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကုန်စည်ပို့ဆောင်မှုမရောက်နိုင်ဘဲ ကုန်ပစ္စည်းများ​ပြတ်လပ်ကာ ဆန်စျေးတက်သွားကြောင်း ဒေသခံများထံမှသိရသည်။ ထိုသို့ ကုန်စျေးနူန်းအဆမတန်မြှင့်တက်ခြင်းကြောင့် ဒေသခံများ စားဝတ်နေရေးအခက်ခဲရှိနေပြီး ဆန်ဝယ်စားသည့်အခါတွင်လည်း ပြည်ကောက်ဝယ်စားနေရကြောင်း အသက် ၃၀ အရွယ်ဒေသခံ အမျိုးသမီးက ယခုလိုပြောသည်။…

ပင်လောင်းဒေသထွက် နနွင်းအဟောင်းများဈေးကောင်းရရှိ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းဒေသထွက် နနွင်း အဟောင်းများကို တစ်ပိဿာ ခြောက်ထောင်ကျပ်အထိရရှိနေပြီးစျေးကောင်းရရှိနေ​ကြောင်း တောင်သူများထံသိရသည်။ ထို့အ​ပြင် နနွင်းအခြောက် တစ်ပိဿာကို (၅)ထောင်ဝန်းကျင် အထိ ပေါက်ဈေးရှိ‌ပြီး လှောင်ထားသူများသာ စျေးကောင်းရရှိကြသည်။ “ကျွန်မတို့အိမ်ကအစောရောင်းလိုက်လို့‌ ဈေးကောင်း မရလိုက်ဘူး။ မွေးထားနိုင်တဲ့သူကဈေးကောင်းရတယ်”ဟုနနွင်းစိုက်ပျိုးသူတစ်ဦးကပြောပါတယ်။ ပြီးခဲ့သည့်မေလတွင် နနွင်းမှုန့် တစ်ပိဿာ (၅)ထောင်ဝန်းကျင်နှင့် အခြောက်တစ်ပိဿာကို ၃၅၀၀ ကျပ်အောက်သာရ…

Miss World Myanmar 2023 ပြိုင်ပွဲ Winner ဆုကို ဓနုတိုင်းရင်းသူ မယွန်းသိမ့်သိမ့်နွေး ရရှိ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၊ ၂၀၂၃ ရန်ကုန်မြို့တွင် အောက်တိုဘာလ (၁)ရက်နေ့က ကျင်းပပြုလုပ်သည့် Miss World myanmar 2023 ပြိုင်ပွဲကြီးတွင် ဓနုတိုင်းရင်းသူ မယွန်းသိမ့်သိမ့်နွေးက winner ဆုကြီးဆွတ်ခူးနိုင်ခဲ့ကြောင်းသိရသည်။ Miss World myanmar 2023 ဆုရှင် မယွန်းသိမ့်သိမ့်နွေး သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့တွင် နေထိုင်သည့် ဓနုတိုင်းရင်းသူဖြစ်ကြောင်းသိရသည်။ သူမသည်winner ဆုကြီးအပြင်…

စစ်ကောင်စီတပ်ဖမ်းဆီးသွားသည့် လနုကိုယ်ဝန်​ဆောင်မိခင် ကိုယ်ဝန်ပျက်ကျ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၊ ၂၀၂၃ စစ်ကောင်စီတပ်ဖမ်းဆီးခေါ်ဆောင်သွားသည့်စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်အမျိုးသမီး ကိုယ်ဝန်ပျက်ကျသွားကြောင်း နှီးစပ်သူအမျိုးသားတစ်ဦးထံမှသိရပါသည်။ ဖမ်းဆီးခေါ်​ဆောင်သွားစဥ် စစ်သားများက လမ်းပေါ် ကားခပ်ကြမ်းကြမ်းမောင်းပြန်သည့်အတွက် လနုကိုယ်ဝန်ဆောင်အမျိုးသမီး ကိုယ်ဝန်ပျက်ကျရခြင်း ဖြစ်ကြောင်း နှီးစပ်သူပြောသည်။ ” ရဲတွေက ရွာငံဆေးရုံကိုဝင်ပို့သေးတယ် သွေးဆင်းတာမရပ်လာလို့ ပင်းတယဆေးရုံ ရောက်လာတာ အခုဆေးရုံကဆင်းခွင့်မရသေးဘူး ၊ကိုယ်ဝန်သုံးလနဲ့ပျက်ကျတာ” ဟု မပိုးဥနှင့်နီးစပ်သူတစ်ဦးကပြောသည်။ စက်တင်ဘာလ ၂၉ ရက်နေ့လည်ပိုင်းတွင်​စစ်ကောင်စီလက်အောက်ခံရွာငံမြို့နယ်ရဲတပ်ဖွဲ့မှ မပိုးဥ၏ခင်ပွန်းဖြစ်သူ ကိုဝင်းကျော်ကိုရှောင်တစ်ခင်ဝင်ရောက်ဖမ်းဆီးရာတွင်ဖမ်းဆီးမမိဘဲ…

ယောကျ်ားဖြစ်သူကိုဖမ်းဆီး၍မရခြင်းကြောင့် ဇနီးကို စစ်ကောင်စီဖမ်းဆီး

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၊ ၂၀၂၃ ရွာငံမြို့နယ် ပဲယင်းတောင်ကျေးရွာမှ စစ်ဘေးတိမ်းရှောင်လာသည့် ကိုဝင်းကျော်ကို စစ်ကောင်စီကလိုက်လံဖမ်းဆီးရာမမိလိုက်သောကြောင့် ဇနီးဖြစ်သူကိုဖမ်းဆီးသွားကြောင်း ရပ်ကွက်အတူနေထိုင်သောဒေသခံထံမှစုံစမ်းသိရပါသည်။ ပင်းတယမြို့နယ်၊ ပုန်းတကန်အနောက်ဘက်၊ဆင်ခေါင်းရပ်ကွက်သို့ စစ်ဘေးရှောင်ပြောင်းရွေ့နေထိုင်လာသည့် ကိုဝင်းကျော်နှင့် ဇနီးမပိုးဥနေအိမ်ကို စစ်ကောင်စီက စက်တင်ဘာလ ၂၉ ရက်နေ့တွင်ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းသိရပါသည်။ အဆိုပါဖြစ်စဥ်တွင်ယောကျာ်းဖြစ်သူကိုစစ်ကောင်စီက မဖမ်းမိလိုက်သောကြောင့် ကိုယ်ဝန်သုံးလ ရှိဇနီးမပိုးဥကို ရွာငံမြို့နယ်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံ ပြောသည်။ ” အဲနေ့လည်က…

တောင်ကြီးမြို့အဝင် စစ်ကောင်စီဂိတ်များတွင် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်စစ်ဆေးမှုရှိနေ ဟုဆို

ခမ်းသားငေါဝ်း စက်တင်ဘာ ၃၀၊၂၀၂၃ တောင်ကြီးမြို့အဝင်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် ဂိတ်စောင့်စစ်သားများက လမ်းသွားလာသည့်အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်စစ်ဆေးမှုများရှိနေကြောင်း အမျိုးသမီးတစ်ဦးထံမှ သိရသည်။ သွားလာသည့်အမျိုးသမီးများကို အထက်စီးပြောဆိုခြင်း၊ မဖွယ်မရာစကားပြောခြင်း၊ အသားယူစစ်ဆေးခြင်း၊ ဆဲဆူအောငေါက်ခြင်း ပြုမူဆက်ဆံခြင်း ရှိနေတယ်လို့ ကိုယ်တိုင်ကြုံဖူးသူအမျိုးသမီး တစ်ဦးပြောဆိုချက်အရ သိရသည်။ “မေးတဲ့ဟာကိုကောင်းကောင်းပြောနေရက်သားနဲ့ ဟိုကိုင်ဒီကိုင် လက်မောင်း ပုခုံးကိုလာကိုင်တယ်၊ ပုခုံးပေါ်ဓားတင်တဲ့ ကိစ္စတွေလည်းကြုံရတယ်၊ ဒါနဲ့ဆို ကြုံရတာနှစ်ခါရှိပြီ ဘယ်သွားမလဲ၊ ခနနေဒီကိုပြန်လာဦးမလား၊…