Month: October 2023

အောင်ကလပ်စစ်ရှောင်စခန်းတွင် ဆေးဝါးများ ပြတ်လတ်နေပြီး တုတ်ကွေးဖြစ်နေသည့်ကလေးငယ်များ ဆေးကုသရန်အခက်အခဲရှိနေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၁၊၂၀၂၃ ဆီဆိုင်မြို့နယ် အောင်ကလပ်အပေါ်ရွာရှိ စစ်ရှောင်စခန်းတွင် တုတ်ကွေးဖြစ်နေသည့်ကလေးငယ်များ ဆေးကုသရန်အခက်အခဲရှိနေကြောင်း စစ်ရှောင်တစ်ဦး ပြောပြချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် အောင်ကလပ်အပေါ်ရွာရှိ စစ်ရှောင်စခန်းတွင် ဆေးဝါးများ ပြတ်လတ်နေပြီး တုတ်ကွေးဖြစ်နေသည့်ကလေးငယ်များ ဆေးကုသရန်အခက်အခဲရှိနေရခြင်း ဖြစ်သည်။ ပြီးခဲ့သည့် နွေရာသီတွင် ဆေးအလှူတစ်ခေါက်ရရှိခဲ့ပြီး ယခုအခါ ထိုဆေးဝါးများပြတ်လတ်နေပြီ ဖြစ်ကြောင့် သိရသည်။ “ပြီးခဲ့တဲ့ ၄ လပိုင်းတုန်းကလည်း…

ရွာငံ-အောင်ပန်း လမ်းပေါ်ရှိ စစ်ကောင်စီဂိတ်များ ယခုရက်ပိုင်း စစ်ဆေးမှု ပိုတင်းကြပ်လာ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၁၊၂၀၂၃ ရွာငံ-အောင်ပန်း လမ်းပေါ်ရှိ စစ်ကောင်စီဂိတ်များတွင် ယခင်လထက် ယခုရက်ပိုင်းက စစ်ဆေးမှုများပိုတင်းကြပ်လာကြောင်း ခရီးသည်တစ်ဦးထံမှ သိရသည်။ ရှမ်းတောင်၊ ရွာငံ-အောင်ပန်း လမ်း‌ပေါ်ရှိ စစ်ကောင်စီဂိတ်များတွင် ယခုရက်ပိုင်းအတွင်း အစစ်အဆေးများ တင်းကြပ်လာပြီး ငွေတောင်းခံမှုများလည်း ရှိနေသည် ဟု သိရသည်။ စစ်ကောင်စီဂိတ်မှ ငွေတောင်းသူများသည် စစ်ကောင်စီတပ်သားများ၏ မိန်းမဟု ယူဆရသည့် အမျိုးသမီးများက ငွေတောင်းခံနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူ…

မြေစာပုံများနှင့် ဗြွက်ထပျက်စီးနေသည့် ကျောက်မီး သွေးမိုင်းတွင်းလမ်း သွားလာရေးအခက်အခဲကြုံတွေ့‌နေရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၁၊၂၀၂၃ မြေစာပုံများနှင့် ဗြွက်ထပျက်စီးနေသည့် ကျောက်မီးသွေးမိုင်းတွင်းလမ်းကို ဖြတ်သန်းသွားလာနေရသည့် ဒေသခံများ သွားလာရေး လမ်းအခက်အခဲကြုံတွေ့‌နေရကြောင်း ဒေသခံများထံမှသိရသည်။ ပင်လောင်းမြို့နယ် တီကျစ်မြို့ အရှေ့ဘက်ရှိကျေးရွာများမှ ဒေသခံများသည် မြေစာများနှင့် ဗြွက်ထပျက်စီးနေသည့် ကျောက်မီးသွေးမိုင်းတွင်းလမ်းကို ဖြတ်သန်းသွားလာရသဖြင့် သွားလာရေး လမ်းအခက်အခဲ ကြုံတွေ့‌နေရခြင်း ဖြစ်သည်။ တောင်ပို့လရွာ၊ ပင်မှီကုန်းရွာမှ ဒေသခံများသည် တီကျစ်မြို့သို့သွားလာရာတွင် မိုင်းတွင်းကို ဖြတ်သွားရပြီး မိုးရာသီတွင်…

ဘုရားပွဲတော်လုံခြုံရေးဟုဆိုကာ စစ်ကောင်စီနှင့် PNO တပ်သားအများအပြားက နေရာယူထားသဖြင့် ဒေသခံများကြောက်လန့်နေရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၁၊၂၀၂၃ ညောင်ရွှေမြို့နယ်တွင် ကျင်းပမည့် ဘုရားပွဲတော်အတွက် လုံခြုံရေးဟုဆိုကာ စစ်ကောင်စီ နှင့်PNO တပ်သားအများအပြားက နေရာယူထားသဖြင့် ဒေသခံများကြောက်လန့် နေကြရကြောင်း အင်းလေးဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ယခုနှစ် ဖောင်တော်ဦးဘုရားပွဲတော် ကျင်းပမည်ဖြစ်ပြီး ဘုရာပွဲအတွက် စစ်ကောင်စီ နှင့် PNO တပ်သားများက လုံခြုံရေးတာဝန်ယူပေးမည်ဟု ဆိုထားပါသည်။ ယခု ပွဲတော်ကာလ…

ဒေါရောက်ခူးစစ်ရှောင်စခန်းတွင် ကလေးငယ်များအဟာရချို့တဲ့ပြီး ရောဂါများကူးစက်ခံနေရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၁၊၂၀၂၃ ဒီမော့ဆိုအနောက်ဘက်ခြမ်း ဒေါရောက်ခူးစစ်ရှောင်စခန်းတွင် ကလေးငယ်များအဟာရချို့တဲ့ပြီး ရောဂါများအလွယ်တကူ ကူးစက်ခံနေရကြောင်းစစ်ရှောင်‌လူငယ်တစ်ဦး‌ထံမှ သိရသည်။ အဆိုပါစစ်ရှောင်စခန်းတွင် ၅နှစ်အောက် ကလေးငယ် ၃၀၀ ဝန်းကျင်ရှိပြီး အဟာရရှိအစားစာများအပြည့်အဝ မရရှိကြဘဲ အဖျားရောဂါကူးစက်မှုများခံနေရကြောင်း သိရသည်။ “ခုတလော ကလေးတွေအဖျားများတယ်။ ကလေးတွေဖျားလွယ်ဒါ မိဘရဲ့ထောက်ပံ့မှုလည်းလိုတယ်လို့မြင်တယ်။ ဘာလို့လဲဆိုတော့အစားစာနဲ့ပတ်သတ်ပြီး လိုအပ်ချက်တွေရှိတယ်။မိဘတွေကပြည့်ဝတဲ့အဟာရ‌‌တွေ ကျွေးဖို့လိုတယ်။လူကြီးတွေက မစားရလည်းမဖျားဘူး။ ကလေးကအဲလိုမဟုတ်ဘူး။”ဟု စစ်ရှောင်တစ်ဦးက ပြောသည်။ လက်ရှိကာလတွင်…

အင်းလေးဒေသ နမ်းပန်မြို့တွင် စစ်ကောင်စီက ဧည့်စာရင်းကောက်ယူပြီး ဖမ်းဆီးမှုများရှိနေ

ခမ်းသားငေါဝ်း၊ အောက်တိုဘာ ၁၁၊၂၀၂၃ အင်းလေးအရှေ့ဘက်ခြမ်း နမ်းပန်မြို့တွင် စစ်ကောင်စီမှ ဧည့်စာရင်းကောက်ယူမှုများရှိသလို ဖမ်းဆီးမှု့များလည်းပြုလုပ်နေကြောင်း နမ်းပန်မြို့ခံတစ်ဦးပြောပြချက်အရ သိရသည်။ ရှမ်းတောင်၊ အင်းလေးဒေသ နမ်းပန်မြို့၌ အင်းလေးဘုရားပွဲတော်နီးကပ်လာချိန်တွင် စစ်ကောင်စီမှ အိမ်ငှားများနေထိုင်သည့်အိမ် နှင့် ဧည့်သည်များလာရောက်တည်းခိုကြသည့်နေအိမ်များကို ဧည့်စာရင်းများ စစ်ဆေးကောက်ယူပြီး ဖုန်းများကိုလည်း စစ်ဆေးကာ ဖမ်းဆီးမှုများရှိနေသည်ဟု သိရသည်။ ထိုသို့စစ်ဆေးရာတွင် ဖုန်းထဲရှိ အွန်လိုင်းလောင်းကစားလုပ်သူများ၊ နိုင်ငံရေးပိုစ့်များကို ရှယ်ထားသူများ၊ pdf…

စံကားဒေသတွင် ရေတက်လာသဖြင့် ရေနစ်မြုပ်ကုန်မည်စိုး၍ အချိန်မတန်အစေ့မရင့်ပဲ ပြောင်းဖူးများခူးနေရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၀၊၂၀၂၃ စံကားဒေသတွင် ရေအဆမတန်တက်လာသဖြင့် ချောင်းဘေးရှိပြောင်းဖူးခြံများ ရေမြုပ်သွားမည်ကိုစိုးရိမ်၍ အချိန်မတန်ပဲ ချိုး‌နေရကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။ ညောင်ရွှေမြို့နယ်၊ အင်းလေးစံကားဒေသတွင် ယခုနှစ်အတွင်း ရေအဆမတန်မြင့်တက်လာပြီး ဘီလူးချောင်းဘေးတစ်လျှောက်ရှိ စိုက်ပျိုးထားသည့် ပြောင်းစိုက်ခင်းများ ရေမြုပ်သွားမည်ကို စိုးရိမ်ရ၍ ပြောင်းဖူးများကို အ‌စေ့မရင့်သေးဘဲ ချိုးနေရကြောင်း သိရသည်။ “ဒီဘီလူးချောင်းဘေးမှာ စိုက်ထားတဲ့ ပြောင်းခြံတော်တော်များများတော့ ချိုးနေကြပြီ။ မချိုးလည်းမရတော့ဘူး၊ ပြောင်းဖူးတွေက…

စစ်ကောင်စီတပ်က ရွှေပြည်အေးရွာသားများကို ဖမ်းပြီး ငွေဖြင့်ပြန်ရွေးခိုင်း ဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၀၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ ရွှေပြည်အေးရွာတွင် စစ်ကောင်စီတပ်သားများက ရွာသားများကို ဖမ်းပြီး ငွေဖြင့်ပြန် ရွေးခိုင်းနေကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ စစ်ကောင်စီတပ်သားများသည် ရွှေပြည်အေးရွာအနီးရှိ ရွာဘုရားတောင်ပေါ် တွင် တပ်စွဲထားသဖြင့် ဒေသခံများတောင်ယာသို့ အလုပ်သွားသည့်အချိန်တွင် ကြောက်လန့်နေရပြီး လုံခြုံရေးလည်း စိုးရိမ်နေကြရကြောင်း သိရသည်။ “ရွာသားအများစုက ကြောက်လို့ စစ်ရှောင်ကြတယ်။ စစ်မရှောင်တဲ့ သူလည်းများတယ်။…

အင်းတိန် ဒေသတွင် စစ်ကောင်စီတပ်ကားချောဆွဲမှုပြုလုပ်သဖြင့် ဒေသခံကားသမားများ အခက်ခဲကြုံတွေ့

ခမ်းသားငေါဝ်း အောက်တိုဘာ ၉၊ ၂၀၂၃ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ အင်းတိန်ကျေးရွာတွင် စစ်ကောင်စီတပ်က ကားများချောဆွဲမှုပြုလုပ်သဖြင့် ဒေသခံကားသမားများ အခက်ခဲကြုံတွေ့ နေရ ကြောင်းသိရသည်။ စစ်ကောင်စီတပ်များသည် အောက်တိုဘာလပထမပတ်အတွင်းရွာထဲတွင် ကားရှိသူများကို အလှည့်ကျ ခေါ်ပြီး သူတို့သွားလိုရာကိုပို့ပေးရသည့်အပြင် ကားသမားများကိုလည်း ငွေထပ်မံညစ်သေးကြောင်းကားသမားပြောပြချက်အရသိရသည်။ “တစ်ချို့ကားသမား ရွာထဲမပြန်ရဲကြတေ့ာဘူး သူတို့ကိုလိုက်ပို့တာ အလုပ်လည်းပစ်ထားရတယ် ပြီးရင် ဓာတ်ဆီဖိုးလည်း ကိုယ်ကိုတိုင်…

တီကျစ်ဒေသတွင် အဆိပ်ရှိငါးတမျိုးပေါ်ပေါက်ပြီး ဒေသခံများအန္တရာယ်ဖြစ်မည်ကို စိုးရိမ်

ခမ်းသားငေါဝ်း အောက်တိုဘာ ၉၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း တီကျစ်ဒေသရှိ ကျေးရွာတချို့တွင် အဆိပ်ရှိသည့်ငါးမျိုးပေါ်ပေါက်ပြီး လူကိုအန္တရာယ်ပြုမည်ကို ဒေသခံ များကစိုးရိမ်နေကြသည်။ ထိုအဆိပ်ရှိငါးသည်လူကိုကိုက်မိပါက အဆိပ်တက်ခြင်းရှိနေကြောင်းဒေသခံများထံမှသိရသည်။ “ကျွန်တော်တို့ရွာ ငါးကိုက်ခံရတာကနှစ်ယောက်ရှိပြီ လယ်စိုက်ချိန်တုန်းကပါ။ အမျိုးသားတစ်ယောက်အမျိုးသမီးတစ်ယောက်။ အဆိပ်တက်ပြီဆိုနေလို့မရတော့ဘူး ဆေးတန်းထိုးရတာလို့ပြောတယ်”ဟု တီကျစ်ဒေသ သာယာကုန်းရွာခံတစ်ဦးကပြောသည်။ ထိုငါးသည်အကောင်ကြီးငါးမဟုတ်ဘဲ သာမာန်ငါးဟုထင်ရသော်လည်း ကလေးနှင့်လူကြီးများ ငါးဖမ်းမိလျှင် အန္တရာယ်ရှိနိုင်ကြောင်း၊ စိုးရိမ်ဖွယ်ရှိကြောင်း ၎င်းကဆက်ပြောသည်။ ယင်းအဆိပ်ရှိငါးမျိုးသည် တီကျစ်ဒေသတွင်…