Month: October 2023

မြေစာပုံပြိုဖိသဖြင့် သွယ်ထားသည့် ရေပိုက်များကွဲပျက်စီးပြီး ဒေသခံပြည်သူများ သောက်သုံးရေ ပြတ်တောက်

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၇၊၂၀၂၃ တီကျစ်မြို့တွင် ကျောက်မီးသွေးမိုင်းတွင်း မြေစာပုံပြိုပြီး သွယ်ထားသည့် ရေပိုက်များကွဲပျက်စီးသဖြင့် ဒေသခံပြည်သူများ သောက်သုံးရေနှင့်သွားလာရေးအခက်အခဲ‌‌ ကြုံတွေ့ရကြောင်း ဒေသခံတစ်ဦးကပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တီကျစ်မြို့ရှိကျောက်မီးသွေးမိုင်းတွင်း မြေစာပုံသည်အောက်တိုဘာလ ၁၂ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် မြေပြိုမှုဖြစ်ပွားပြီး ကျေးရွားများ၊မြို့ပေါ်ရပ်ကွက်များ သောက်သုံးရေအတွက် ရေထွက်မှသွယ်တန်းသည့်ရေပိုက်လှိုင်းများကွဲပျက်စီးရပြီး မြေစာပုံထဲနစ်မြုပ်ကာ သောက်သုံးရေများ ပြတ်တောက်ခဲ့ရကြောင်း သိရသည်။ “တစ်မြို့လုံးက ရေထွက်ဦးကနေ…

အင်းလေးဖောင်တော်ဦးဘုရားပွဲ ယခင်နှစ်အတိုင်းစည်ကားမြဲဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၅၊ ၂၀၂၃ ယခုနှစ် စစ်ကောင်စီ ဦးဆောင်ကျင်းပသည့် အင်းလေးဖောင်တော်ဦးဘုရားဒေသစာရီကြွချီပွဲသည် ယခင်နှစ်အတိုင်း ပွဲတော်လာပြည်သူများစည်ကားနေကြောင်း ပွဲသွားသူအမျိုးသားတစ်ဦးထံမှသိရသည်။ ဖောင်တော်ဦးဘုရားသည် ယနေ့ နံနက် ၄ နာရီအချိန်၌ ဖွင့်ပွဲအခမ်းအနားစတင်ပြီး ၇ နာရီအချိန်တွင် အင်းတိန်ကြေးပေါခုံကျောင်းကို ညှဥ့်ကျိန်းနှင့်ဒေသစာရီကြွချီခဲ့ကြောင်း သိရသည်။ “ဒီနေ့ပွဲအခြေနေကတော့ ခါတိုင်းကျင်းပနေသလိုပဲ လူစည်တယ်။ မကျင်းပတာလည်း သုံးနှစ်ရှိပြီဆိုတော့ မကျင်းပတာကြားသွားလားမသိဘူး လူတော့ စည်တယ်။…

မိုးကြီးမှုကြောင့် ပင်လောင်းတွင် မြေပြိုခြင်း၊ လမ်းမကြီးအက်ကွဲခြင်းများ အနည်းဆုံး ၃ နေရာဖြစ်ပွား

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၃၊၂၀၂၃ အောက်တိုဘာလအတွင်း မိုးကြီးရွာသွန်းမှုကြောင့်ပင်‌လောင်းမြို့နယ်အတွင်းရှိ ကျေးရွာလမ်း နှင့် လမ်းမများ၌ တောင်ပြိုကျခြင်း၊ လမ်းမကြီးမြေသားအက်ကွဲခြင်းများ ဖြစ်ပွားခဲ့ကြောင်း ပင်လောင်းဒေသခံတစ်ထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင်အောက်တိုဘာလအတွင်း မိုးကြီးရွာသွန်းမှုကြောင့်မြို့နယ်အတွင်းရှိ ကျေးရွာလမ်း နှင့် လမ်းမများ၌ တောင်ပြိုကျခြင်း၊ လမ်းမကြီးမြေသားအက်ကွဲခြင်းများ အနည်းဆုံး ၃ နေရာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယခုလအတွင်း ပင်လောင်းအရှေ့ဖက်ရှိ ထာငို-ထီဖောင်းလမ်းတွင် လမ်းကျွံကျခြင်းနှင့်…

အင်းလေးဒေသရှိ ကံရွာတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး စစ်‌ကောင်စီတပ်က ဒေသခံလူငယ် ၆  ဦးကို ဖမ်းဆီး

ခမ်းသားငေါဝ်း၊ အောက်တိုဘာ ၁၄၊ ၂၀၂၃ ကံရွာ လောင်းကစားဝိုင်း၏ အနောက်ဘက်ဖြစ်ပွားသည့် ပေါက်ကွဲမှုအပြီးတွင် စစ်‌ကောင်စီတပ်သားများက ဒေသခံလူငယ် ၆ ဦးကို ဖမ်းဆီးခေါ်သွားခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ညောင်ရွှေမြို့နယ် အင်းလေးဒေသ လင်းကင်းကျေးရွာအုပ်စု ကံရွာတွင် အောက်တိုဘာလ ၁၂ ရက်ည ၈ နာရီခန့်က ဗုံးတစ်လုံးပေါက်ကွဲပြီး စစ်ကောင်စီက ဒေသခံလူငယ် ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း…

တော်လှန်ရေးအောင်မြင်တဲ့တစ်နေ့ ဒေါက်တာထွန်းလှိုင်ရဲ့အရိုးပြာကို အင်းလေးရေပြင်မှာ ကျဲဖြန့်ပြီးစုပေါင်းအမျှဝေမယ်လို့ဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၂၊ ၂၀၂၃ ဒီနွေဦးတော်လှန်ရေးအောင်မြင်တဲ့တစ်နေ့မှာ ကွယ် လွန်သွားတဲ့ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်ရဲ့အရိုးပြာကို အင်းလေးရေပြင်မှာသယ်ဆောင်လာပြီးကျဲဖြန့် စုပေါင်းအမျှဝေပေးမယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကဆိုပါတယ်။ အင်းသားလူမျိုး တိုင်းရင်းသားရေးရာဝန်ကြီးဒေါက်တာ ထွန်းလှိုင်ဟာ ထွက်ပြေးတိမ်းရှောင်ရင်း လူကြီးရောဂါနဲ့ပြီးခဲ့တဲ့နှစ်ပတ်လောက်က ကွယ်လွန်သွားခဲ့တာလို့ ဆိုပါတယ်။ “ဘယ်နေရာ၊ ဘယ်ဒေသမှာ ဆုံးသွားမှန်း ကျွန်တော်တို့မသိရပါဘူး။ တစ်နေ့တော်လှန်ရေးအောင်မြင်တဲ့ အခါမှာတော့ ဆရာလှိုင်ကွယ်လွန်မြေမြှုပ်ခဲ့တဲ့နေရာကိုတူးဖော်ပြီး အင်းသူအင်းသားအများစုနဲ့ အရိုးပြာကိုသယ်ဆောင်ပြီး သူချစ်မြတ်နိုးတဲ့အင်းလေး…

မီးပုံပျံကွင်းတွင် နေ့ခင်းအချိန်မှာပင် တက္ကသိုလ် ကျောင်းသူနှစ်ဦး ဓားပြတိုက်ခံရပြီး ဖုန်းနှစ်လုံးပါသွား

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၂၊၂၀၂၃ တောင်ကြီးမြို့ အဝေရာ မီးပုံပျံကွင်းတွင် နေ့ခင်းအချိန်မှာပင် တက္ကသိုလ် ကျောင်းသူနှစ်ဦး ဓားပြတိုက်ခံရပြီး ဖုန်းနှစ်လုံးပါသွားခဲ့ကြောင်း ကျောင်းသူတစ်ဦးထံမှ သိရသည်။ ယနေ့ အောက်တိုဘာ ၁၂ ရက်နေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့ပြီး ကျောင်းသူနှစ်ဦးသည် မီးပုံပျံကွင်းရှိ ပျံကျဈေးတွင် ဈေးသွားသုံးစဉ် ဈေးမရောက်ခင် ဈေးအနီးမှာပင် ဓားပြတိုက်ခံရကြောင်း သိရသည်။ ” ဓားမြက နှစ်ယောက်…

ဘောလခဲမြို့တွင် ဆန်များပြတ်လပ်နေပြီး ဒေသခံများ ဆန်ပြုတ်နှင့်ပြောင်းဆံများ ချက်စားနေရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၂၊၂၀၂၃ ဘောလခဲမြို့ပေါ်တွင် ဆန်ပြတ်လပ်မှုရှိနေပြီး ဒေသခံများက ဆန်ပြုတ်ချက် စားသောက်နေရကြောင်း ဒေသခံတစ်ဦး‌ ပြောပြချက်အရ သိရသည်။ ကယား(ကရင်နီ)ပြည် ဘောလခဲမြို့တွင် ရိက္ခာသယ်ယူခွင့်တင်းကြပ်သဖြင့် ဆန်များပြတ်လပ်နေပြီး ဒေသခံများက ဆန်ပြုတ်သောက်နေရသူများရှိသလို အချို့မှာပြောင်းဆံများရောနှော ချက်စားနေရကြောင်း သိရှိရပါသည်။ “ကျနော်တို့တကယ် အဆင်​​ပြေမနေကြဘူး၊ ဆန်ကလည်းရှားတယ်၊ ရှားတယ်ဆိုတာက ဆန်စျေးကလည်း အဆမတန်ကြီးတယ်။ ဆန်ကလည်းရှား တော့ ဆန်ပြုတ်သောက်ရတာက ပိုများတယ်၊ပြောင်းဆံကို…

ဖယ်ခုံမြို့နယ် အနောက်ဖက်ရှိ ကျေးရွာဒေသခံများနှင့် စစ်ရှောင်များ အရေပြားရောဂါဖြစ်ပွား

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၂၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဖက်ဒေသ ပျဉ်းမနားနယ်စပ် လေဒူခေါင်၊ ဖိုးစိုး၊ခေါင်တလိုကျေးရွာများရှိဒေသခံများ နှင့် စစ်ရှောင်များသည် အရေပြားရောဂါဖြစ်ပွား နေကြကြောင်းဒေသခံများထံမှ သိရသည်။ အဆိုပါဒေသသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ရွာသုံးရွာပေါင်း ဆေးခန်းတစ်ခုတည်းရှိကာ တစ်ရွာနှင့်တစ်ရွာလည်း အလှမ်းဝေးသဖြင့် ဆေကုသရန်အတွက် အခက်ခဲများရှိကြောင်း သိရသည်။ ကယန်းအမျိုးသမီးအစည်းအရုံး၏ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတာဝန်ခံတစ်ဦးက “သူတို့ဖြစ်တာက ၅လ လောက်ရှိပြီ ဒေသခံတွေ…

မိုးဗြဲတွင် စစ်ရှောင်များ နေထိုင်သည့်တဲများ ရေနစ်မြုပ်ပြီး နေထိုင်ရေးအခက်အခဲကြုံတွေ့ရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၂၊၂၀၂၃ မိုးဗြဲဒေသရှိ စစ်ရှောင်စခန်းတွင် မိုးဆက်တိုက်ရွာသွန်းသဖြင့် စစ်ရှောင်များ နေထိုင်သည့်ယာယီတဲများ ရေနစ်မြုပ်သွားကြောင်း စစ်ရှောင်ကူညီသူ တစ်ဦးပြောပြချက်အရ သိရသည်။ မိုးဗြဲဒေသရှိ စစ်ရှောင်စခန်းတွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဘီလူးချောင်းရေ မြှင့်တက်လာသဖြင့် စစ်ရှောင်ပြည်သူများ နေထိုင်သည့်ယာယီတဲများ ရေနစ်မြုပ်ပြီး နေထိုင်ရေးအခက်အခဲကြုံတွေ့နေရကြောင့် စစ်ရှောင်ကူညီသူထံမှ သိရသည်။ ထိုစစ်ရှောင်စခန်းသည် မိုးဗြဲ-လွိုင်ကော် နန်းမယ်ခုံကြားတွင်ရှိပြီး ယခုတလောအတွင်းမိုးများ ဆက်တိုက်ရွာသောကြောင့် စစ်ရှောင်အိမ်ခြေ ၅၀၀…

တောင်မဲသင်းကျေးရွာတွင် စစ်ကောင်စီတပ်က အင်အား ၄၀၀ ခန့် လာရောက်တပ်စွဲသဖြင့် ဒေသခံများ လုံခြုံရေးစိုးရိမ်ရ ဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၂၊၂၀၂၃ ပင်လောင်းမြို့နယ်တောင်ပိုင်း တောင်မဲသင်းကျေးရွာတွင် အောက်တိုဘာ ၆ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က အင်အား ၄၀၀ ဝန်းကျင်ဖြင့် လာရောက်တပ်စွဲနေထိုင်ခဲ့ကြောင်း ‌စုံစမ်းသိရှိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တောင်ပိုင်း တောင်မဲသင်းကျေးရွာတွင် စစ်ကောင်စီတပ်သားများက လာရောက်တပ်စွဲနေထိုင်သဖြင့် ဒေသခံပြည်သူများ စိတ်ရောကိုယ်ပါလုံခြုံမှုမရှိသလိုခံစားရပြီး ထိတ်လန့်နေကြရသည် ဟု ဒေသခံတစ်ဦး‌ ပြောပြချက်အရ သိရသည်။ တောင်မဲသင်းဒေသခံများသည် ဇူလှိုင်လလယ်ကတည်းက စစ်ရှောင်ရာကနေ နေရပ်ပြန်လာကြပြီး…