စစ်ကောင်စီက ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းနေတာပါ ဟု PNFC ဥက္ကဋ္ဌပြော
ခမ်းသားငေါဝ်း အောက်တိုဘာ ၁၈၊၂၀၂၃ စစ်ကောင်စီအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေး ငြိမ်းချမ်းရေးသဘောတူစာချုပ် NCA နှင့်ပတ်သက်ပြီး ဗန်းပြတလွဲအသုံးချနေကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောသည်။ စစ်ကောင်စီသည် NCA၏ (၈)နှစ်ပြည့်အခမ်းအနားကို မိမိသဘောဖြင့် နေပြည်တော်တွင် ပြီးခဲ့သည့်အောက်တိုဘာ (၁၅)ရက်နေ့က ခေါ်ယူကျင်းပခဲ့တာဖြစ်ကြောင်း ပြောဆိုသည်။ “NCAနဲ့ပတ်သက်တာ သူလုပ်ခွင့်ကိုင်ခွင့်မရှိဘူး။ သို့သော်လည်းပဲ NCAကို ဗန်းပြပြီးတော့ တလွဲအသုံးချပြီး အတုအယောင်ငြိမ်းချမ်းရေးကို…