Month: October 2023

ဖရူဆိုတွင် တောင်သူတစ်ဦး မြေပဲနှုတ်နေစဉ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်၊ ပြင်းထန်စွာဒဏ်ရာရရှိ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၁၊၂၀၂၃ ကယား(ကရင်နီ)ပြည် ၊ဖရူဆိုမြို့နယ်၊ဒေါ့ညေးခူရွာ တောင်သူတစ်ဦးသည် မြေပဲနှုတ်နေစဉ် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ အောက်တိုဘာ ၂၀ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး အဆိုပါဒေသခံတစ်ဦးသည် စစ်ရှောင်ရာကနေ အိမ်ပြန်လာပြီး စိုက်ပျိုးထားသည့် တောင်ယာခြံစိုက်ခင်းများကို ပြန်သိမ်းနေရင်း မိုင်းနင်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တယ်။ ခြေထောက်တစ်ဖက်ပြတ်တယ်။ လက်နဲ့မျက်နှာလည်းမိုင်ကွဲစ တွေ ယမ်းတွေ ထိလို့…

ဒေါရောက်ခူးစစ်ရှောင်စခန်းတွင်‌ တုတ်ကွေးရောဂါဖြစ်ပွားကူးစက်မှုမြန်‌နေသဖြင့် စာသင်‌‌ကျောင်းပိတ်ထားရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၁၊၂၀၂၃ ဒီမော့ဆိုအနောက်ဘက်ခြမ်း ဒေါရောက်ခူးစစ်ရှောင်စခန်းတွင်‌ တုတ်ကွေးရောဂါဖြစ်ပွားမှုများပြီး ကူးစက်မှုနှုန်းမြန်‌သဖြင့် စာသင်‌‌ကျောင်းပိတ်ထားရကြောင်း စစ်ရှောင်‌ဆရာမတစ်ဦး‌ပြောပြချက်အရ သိရသည်။ ယင်းစစ်ရှောင်စာသင်ကျောင်းကိုအောက်တိုဘာလ ၁၈ ရက်နေ့ကစပြီး အောက်တိုဘာလ၂၃ ရက်ထိ‌ ရောဂါကြောင့် ယာယီပိတ်ထားကြောင်း သိရသည်။ ” စာသင်‌ကျောင်းမှာ ဆရာရော၊ ကလေးရောဖျားကြတယ်။ တစ်ချို့အတန်းဆိုကလေးက သုံးယောက်နဲ့ တစ်‌ကျောင်းလုံးမှာ ၁၅ ဦးတောင်မရှ်ိဘူး။အကုန်ဖျားကြတာ။‌‌ “ဟု စစ်ရှောင်ဆရာမတစ်ဦးက ပြောသည်။…

ချို့ꩻထီ၊ ဟမ်ႏဖြေင်း(ဆတ်သေ၊ မြေမဲ)ကျေးရွာတွင် SSPP/SSA မှ ဆန်အပုံး ၈၀၀ တောင်းလာ၍ ဒေသခံများ အခက်အခဲကြုံတွေ့နေရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၁၊၂၀၂၃ ချို့ꩻထီ၊ ဟမ်ႏဖြေင်း(ဆတ်သေ၊ မြေမဲ)ကျေးရွာတွင် SSPP/SSA အဖွဲ့က ဆန်အပုံး ၈၀၀ တောင်းလာသဖြင့် ဒေသခံများအခက်အခဲကြုံရကြောင်း စုံစမ်းသိရှိရပါသည်။ ချို့ꩻထီ၊ ဟမ်ႏဖြေင်း(ဆတ်သေ၊ မြေမဲ)ကျေးရွာတွင် SSPP/SSA မှ ယမန်နေ့အောက်တိုဘာ ၂၀ ရက်နေ့မှာ ကျေးရွာတာဝန်ရှိသူများအား ဆင့်ခေါ်ပြီး ဆန်အပုံး ၈၀၀ တောင်းလာသည့်အတွက် ဒေသခံများအခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။ ကျေးရွာတာဝန်ရှိသူများအနေဖြင့် အဆိုပါ…

ယုံဗွေကွမ်းသီးခြံမှ ပြန်လာသည့်စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရ ၁ ဦးသေဆုံး ၄ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၁၊၂၀၂၃ ယုံဗွေကွမ်းသီးခြံတွင် စခန်းချပြီး ပြန်လာသည့်စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁ ဦးသေဆုံး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။ ရွာငံမြို့နယ် တပင်ပျော်၊ ငှက်သောက်ကျေးရွာရှိ ယုံဗွေကွမ်းသီးခြံတွင် စစ်ကောင်စီတပ်သား ၂၀၀ခန့်သည် သွားရောက်စခန်းချပြီး အောက်တိုဘာ ၂၁ ရက်နေ့ နံနက် ၈ နာရီအချိန် အပြန်ရေဦးလမ်းမကြီးတွင် တိုက်ခိိုက်ခံရခြင်း ဖြစ်သည်။ အဆိုပါ…

နမ့်ဖက်ကာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးအပါ၂ဦးသေဆုံး

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၇၊၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲပြင်းထန်ပြီး နမ့်ဖက်ကာတွင် လက်နက်ကြီးကျရောက်ပွဲကွဲမှုကြောင့် အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦး နှင့် ကလေးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရကြောင်း ဒေသခံအမျိုးသားတစ်ဦးထံမှ သိရသည်။ ယနေ့အောက်တိုဘာ၂၇ ရက်နေ့ မနက်ပိုင်းတွင် ညီနောင်မဟာမိတ်အဖွဲ့ဖြစ်သော MNTJP/MNDAA နှင့် စစ်ကောင်စီတပ် အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ “ကလေးတစ်ယောက်က ပွဲချင်းပြီး သေဆုံးတယ်။အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦးကတော့ နမ့်ဖက်ကာဆေးရုံကို…

ပင်လောင်းရောက်စစ်ရှောင်များ တုပ်ကွေးဖြစ်ပွားသူ များပြားနေဆဲ

ခမ်းသားငေါဝ်း ‌အောက်တိုဘာ ၂၀၊၂၀၂၃ ရှမ်းတောင် ပင်လောင်းမြို့နယ်အတွင်း ရောက်ရှိသည့် စစ်ရှောင်များသည် ယနေ့အထိ တုပ်ကွေးဖြစ်ပွားသူ များပြားနေဆဲဖြစ်ကြောင်း စစ်ရှောင်အရေးကူညီသူတစ်ဦးက အောက်တိုဘာလ ၂၀ရက် နေ့တွင် ပြောဆိုသည်။ တုပ်ကွေး ဖြစ်ပွားသူအများစုသည် ခြင်ကိုက်ခြင်းနှင့် ရာသီဉတုကြောင့် ဖြစ်ပွားပြီး ရိုးရိုးတုပ်ကွေးဖြစ်ပွားသူများ နှင့် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူများရှိကြကြောင်း သိရသည်။ ” မိုးစဝင်ကတည်းက တုပ်ကွေးဖြစ်ပွားလာတာ ခုထိများနေဆဲပဲ။ တစ်ချို့လူဆို…

KLFB အွန်လိုင်းဂိမ်းသည် ဂိမ်းကစားသူလူပေါင်း (၅)သိန်းကျော်ထံမှ ငွေသိန်းပေါင်းများစွာလိမ်လည်

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၀၊၂၀၂၃ KLFB အမည်ရှိ အွန်လိုင်းဂိမ်းသည် ဂိမ်းကစားသူလူပေါင်း(၅)သိန်းကျော်ထံမှ ငွေသိန်းပေါင်းများစွာ လိမ်လည်မှုပြုလုပ်ခဲ့ကြောင်း အဆိုပါဂိမ်းကစားသူ‌ များပြောပြချက်အရ သိရသည်။ KLFB အမည်ရှိ အွန်လိုင်းဂိမ်းသည် အောက်တိုဘာ (၁၃)ရက်နေ့ကစပြီး ဂိမ်းကစားသူများကို အကြောင်းပြချက်အမျိုးမျိုးပေးကာ ငွေလိမ်လည်မှုစတင်ပြုလုပ်ခဲ့ရာ ယမန်နေ့အောက်တိုဘာ (၁၉)ရက်နေ့တွင် ဂိမ်းအကောင့်ထဲရှိပိုက်ဆံများ ထုတ်ယူမရတော့ကြောင်း လိမ်လည်ခံရသူတစ်ဦးက ပြောဆိုသည်။ “ကျွန်တော်ဆော့တာက (၃)လတော့ရှိပြီ။ ဒီလ(၁၃)ရက်နေ့ကစဖြစ်တာ ငွေထုတ်ရင်…

ပင်လောင်းတွင် ဓားပြတိုက်မှု ဆက်တိုက်ဖြစ်ပွား

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၉၊၂၀၂၃ ပင်လောင်းမြို့နယ်တွင် ဓားမြတိုက်မှုဆက်တိုက်ဖြစ်ပွားပြီး ဒေသခံပြည်သူများက မိမိအသက်အိုးအိမ်လုံခြုံ‌ရေးကို စိုးရိမ်နေရကြောင်း ‌ပင်လောင်းဒေသခံတစ်ဦးထံမှ သိရသည်။ ပြီးခဲ့သည် အောက်တိုဘာလ ပထမပတ်တွင် ပင်လောင်းမြို့အရှေ့ဖက်ရှိ ထာငိုရွာ ဒေသခံအမျိုးသမီးတစ်ဦးသည် ဓားမြတိုက်ခံရပြီး ဆွဲကြိုးတစ်ကုံး၊ ပိုက်ဆံတစ်သိန်း နှင့် ဖုန်းတစ်လုံးပါသွားခဲ့ ကြောင်း သိရသည်။ ထိုနည်းတူ စက်တင်ဘာလတွင်လည်း နောင်တရား- ပေါအင်းရွာ သွားလမ်းတွင် ဆိုင်ကယ်တစ်စီး ဓားမြတိုက်ခံရပြီး…

ယုံဗွေကွမ်းသီးခြံတွင် စစ်ကောင်စီတပ်အင်အား၂၀၀ ခန့် လာရောက်တပ်စွဲထားသဖြင့် ဒေသခံများကြောက်လန့်နေရ

ခမ်းသားငေါဝ်း၊ အောက်တိုဘာ ၁၉၊၂၀၂၃ ရွာငံမြို့နယ် ယုံဗွေကွမ်းသီးခြံတောတွင် စစ်ကောင်စီတပ်သား အင်အား၂၀၀ ခန့်လာရောက်တပ်စွဲထားသဖြင့် အနီးတဝိုက်ရှိဒေသခံများက ကြောက်လန့်ပြီး ခြံမသွားရဲကြကြောင်း ဒေသခံများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ် တပင်ပျော် ကျေးရွာ၊ ငှက်သောက်ကျေးရွာအနီးရှိ ယုံ​ဗွေတော ကွမ်းသီးခြံတွင် စစ်ကောင်းစီတပ်သားများက ဒေသခံများ၏ခြံတွင် လာရောက်တပ်စွဲထားပြီး စစ်ဆေးမှုများပြုလုပ်နေသဖြင့် ခြံထဲသို့မသွားရဲကြကြောင်း သိရသည်။ စစ်ကောင်စီတပ် လာရောက်တပ်စွဲထားမှုကြောင့် ဒေသခံများ၏ခြံများတွင် လာရောက်စစ်ဆေးခြင်း…

ဖယ်ခုံမြို့အတွင်းရှိ ပြည်သူနေအိမ်အချို့ ဓားပြတိုက်ခံရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၉၊၂၀၂၃ ဖယ်ခုံမြို့အတွင်းရှိ ပြည်သူနေအိမ်များတွင် ဓားပြတိုက်မှု၊ လုယက်မှုများ ဖြစ်ပွားနေကြောင်း‌ ဖယ်ခုံဒေသခံတစ်ဦးက ပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့၊ မြို့ကုန်းနှင်ညောင်ပင်သာရပ်ကွက်ရှိ ဒေသခံပြည်သူများ နေအိမ်အချို့တွင် အမည်မသိလူနှစ်ဦးကအောက်တိုဘာလ ၁၈ ရက်နေ့၌ ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ “အခုက အခြေနေတော်တော်ဆိုးတယ်။ အိမ်ရှင်နာမည်ခေါ်ပြီး ဓားပြတိုက်တာ။ လာတိုက်တဲ့သူက လက်နက်‌လည်း ပါတယ်။ ဘယ်သူလဲ ဆိုတာတော့ မသိရဘူး။…

You missed