Month: October 2023

မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်က ဒေသခံလူငယ်များကို ဖမ်းဆီးပြီး ယနေ့ချိန်ထိ အဆက်သွယ်မရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၅၊၂၀၂၃ ရှမ်း-ကယား(ကရင်နီ)ပြည်နယ်စပ်ရှိ မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်က ဒေသခံလူငယ်များကို ဖမ်းဆီးပြီး ယနေ့ချိန်ထိ အဆက်သွယ်မရသေးကြောင့် ဖမ်းဆီးခံရသူနှင့် နီးစပ်သူတစ်ဦးပြောပြချက်အရသိရသည်။ စက်တင်ဘာလ ၁၆ ရက်‌နေ့တွင် စစ်ကောင်စီတပ်က ဖုန်းနှင့် ဖုန်းထဲအသုံးပြုသည့် လူမှုကွန်ယက် ဖေစ်ဘုတ် များကို စစ်ဆေးပြီး ဒေသခံလူငယ် ၅ ဦး ကို ခိုင်လုံသည့်အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခေါ်သွားခဲ့ကြောင်း သိရသည်။ “ဖုန်းမက်ဆေ့မှာ…

တောင်ကြီးမြို့တောင်ဘက်ရောက် စစ်ရှောင်များ၏ ကိုယ်ထူကိုယ်ထပညာရေးအဆောက်အဦးများကို စစ်ကောင်စီက ဖျက်ခိုင်း ဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၅၊၂၀၂၃ တောင်ကြီးမြို့တောင်ဘက်ရောက် ကရင်နီ​ပြည် စစ်ရှောင်များ၏ ကိုယ်ထူကိုယ်ထ ပညာရေးကျောင်းဆောင်များနှင့် ဘာသာရေးအဆောင်အဦးများကို စစ်ကောင်စီ နှင့် PNA ပြည်သူ့စစ်က ဖျက်ခိုင်းကြောင်း စစ်ရှောင်တစ်ဦး ပြောပြချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ထီဖောင်းကျေးရွာအုပ်စု တစ်နေရာတွင် ရောက်ရှိသည့် ကရင်နီစစ်ရှောင်များ ကိုယ်ထူကိုယ်ထ ပညာရေးကျောင်းဆောင်များနှင့် ဘာသာရေးအဆောင်အဦးများကို စစ်ကောင်စီ နှင့် PNA ပြည်သူ့စစ်က…

ရွာငံမြို့ ရေဦးရွာတွင် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာ ပြည်သူများကို ရိုက်နှက်စစ်ဆေး

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၄၊၂၀၂၃ ရွာငံ-ရေဦးလမ်း‌ပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ပြည်သူများကို ရိုက်နှက်စစ်ဆေးမှုများရှိနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ် ရေဦးကျေးရွာတွင် အောက်တိုဘာ ၂၁ ရက်နေ့က ယုံဗွေကွမ်းသီးခြံမှ ပြန်လာသော စစ်ကောင်စီယာဥ်တန်းများကို DPLF အဖွဲ့မှမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ဆေးရေးဂိတ်များချထားပြီး လမ်းသွားလမ်းလာပြည်သူများအား ရိုက်နှက်စစ်ဆေးပြုလုပ်ခဲ့ကြောင်း သိရသည်။ ယနေ့ အောက်တိုဘာ ၂၄ ရက်နေ့တွင်လည်း ဒေသခံအမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးကို သေနတ်ဖြင့်…

ဖယ်ခုံဒေသခံများ တောင်ယာသွားရန် စစ်ကောင်စီ လက်နက်ကြီးနှင့် မြေမြုပ်မှိုင်းအန္တရာယ်များကိုစိုးရိမ်နေရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၄၊ ၂၀၂၃ ဖယ်ခုံမြို့နယ် အနောက်ဖက်ရှိ ဒေသခံများသည် တေင်ယာသွားရာတွင် စစ်ကောင်စီ၏ လက်နက်ကြီး နှင့် မြေမြုပ်မှိုင်းအန္တရာယ်များကို စိုးရိမ်နေရသည် ဟု ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ ဒေသခံများသည် တောင်ယာသို့သွားရန် စစ်ကောင်စီ၏ လက်နက်ကြီး နှင့် မြေမြုပ်မှိုင်းအန္တရာယ်များကို စိုးရိမ်ကြောက်လန့်နေရကြောင်း ဒေသခံတစ်ဦးက အောက်တိုဘာလ၂၄ရက်နေ့တွင် ပြောသည်။ ဖယ်ခုံမြို့ အနောက်ဖက်ရှိ…

မြန်မာနိုင်ငံလုံးဆိုင်ရာ နာဂပုရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲကို ဟိုပုံးတွင် ကျင်းပမည်

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၄၊၂၀၂၃ မြန်မာနိုင်ငံလုံးဆိုင်ရာ နာဂပုရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲ တတိယအကြိမ်မြောက်ကို ဟိုပုံးမြို့၌ တန်ဆောင်မုန်းလဆန်း (၁)ရက်နေ့တွင်စတင်ကျင်းပမည်ဟု ဦးဇင်းဣန္ဒာစာရာလင်္ကာရ ပြောပြချက်အရ သိရသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ နာဂပုရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲ တတိယအကြိမ်မြောက်ကို ရှမ်းတောင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ နောင်တောင်းပရဟိတတပ်ဦး ဘုန်းတော်ကြီးကျောင်းတိုက်တွင် တန်‌ဆောင်မုန်းလဆန်း(၁) ရက်နေ့မှ (၃)ရက်နေ့အထိ(၃)ရက်ဆက်တိုက် ကျင်းပမည်ဖြစ် ကြောင်း သိရသည်။ တန်ဆောင်မုန်းလဆန်း(၆)ရက်နေ့တွင် စာအောင်သံဃာတော်များအား…

သူခိုးများသောင်းကျန်းနေသောကြောင့် ကျေးရွာလူငယ်များအလှည့်ကျကင်း​စောင့်နေရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၃၊ ၂၀၂၃ အိမ်တွင်းဆိုင်ကယ်ခိုးယူ​ခြင်း ၊ ရာသီပေါ်သီးနှံခိုးယူခြင်းသူခိုးများသောင်းကျန်း​သောကြောင့်အင်းကြီးရွာ လူငယ်များက ရွာတွင်းအလှည့်ကျကင်းစောင့် တာဝန်ယူနေရကြောင်း ဒေသခံအမျိုးသမီးက​​​ထံသိရသည်။ ရွာငံမြို့နယ် အင်းကြီးကျေးရွာတွင် ရွာတွင်းကင်းစောင့် လူငယ်များက အောက်တိုဘာလ ၁၅ ရက်နေမှစပြီး ယနေ့အချိန်ထိ ရပ်ကွက်အမှတ်စဥ်အလိုက် တစ်ညလျှင် ခြောက်ဦးအထိမပျက်မကွက် ကင်းစောင့်ရမည်ဟုသတ်မှတ်ထားသည်။ ” တစ်အိမ်ထဲမှာ ဆိုင်ကယ်နှစ်စီးအထိပျောက်တယ်၊ ရာသီသီးနှံ လိမ္မော်သီးဆိုရင် မမည့်သေးဘူးအခိုးခံနေရတာများတယ်” ဟု…

စိုက်ပျိုးရေးစရိတ် လျော့ချနိုင်ရန် ဘောင်တင်၊ ရေစက်ချ စနစ်ဖြင့် အာလူး စမ်းသပ်စိုက်ပျိုး

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၃၊ ၂၀၂၃ သွင်းအားစုစျေး အလွန်မြှင့်တက်ခြင်းနှင့် နွေရာသီစိုက်ပျိုးသည့် အာလူးအတွက်ရေအလုံလောက်ရရှိရန် ခက်ခဲ​ခြင်းကြောင့်နောင်တရားဒေသတွင် ဘောင်ခတ် မိုးကာအုပ် ရေစက်ချ စနစ်ဖြင့် အာလူးကို စတင်စိုက်ပျိုးနေကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နောင်တရားမြို့တွင် အာလူးစိုက်ပျိုးရေးစရိတ်သက်သာစေရန် မိုးကာအုပ် ရေစက်ချစနစ်ဖြင့် စပ်းသပ်စိုက်ပျိုးနေကြောင်း အာလူးစိုက်တောင်သူတစ်ဦးထံမှသိရသည်။ “စတင်စိုက်ပျိုးဖြစ်တာကတော့ ကုန်ကျစရိတ်သက်သာအောင်ပေါ့။ ဒီလိုအစက်ချစနစ်နဲ့ စိုက်ခြင်းအားဖြင့် ၇၀ ရာခိုင်နှုန်းက…

ထိုင်းရောက်ပအိုဝ်းလူငယ်တစ်ဦး အလုပ်လုပ်ရင်းမီးကြိုးနှင်းမိရာမှ ဓာတ်လိုက်သေဆုံး

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၂၊ ၂၀၂၃ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် အသက် ၂၃ နှစ်အရွယ် ပအိုဝ်းလူငယ်တစ်ဦးသည် မီးကြိုးနှင်းမိရာမှ ဓာတ်လိုက်သေဆုံးသွားကြောင်းသိရသည်။ ဖြစ်စဉ်သည် အောက်တိုဘာလ(၂၀)ရက်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် ဆေးသုပ်ခြင်း အလုပ်လုပ်နေစဉ် မီးကြိုးမှတစ်ဆင့်ဓာတ်လိုက် သေဆုံးခဲ့ရ​ခြင်းဖြစ် ကြောင်းသိရသည်။ “အဓိကကတော့ ကိုယ်တိုင်ကဂရုစိုက်ရမယ်။ တခုခုဖြစ်ရင်ဘာမှမတတ်နိုင်ဘူး၊ များသောအားဖြင့်အထောက်ထားမစုံလင်တဲ့သူဆို အဲလိုအလုပ်လုပ်လို့ တခုခုဖြစ်ရင် ဘာတာဝန်ယူမှုတွေ တာဝန်ခံမှုတွေမရှိဘူး။…

ယုံဗွေကွမ်းသီးခြံအပြန်မိုင်းဆွဲတိုက်ခိုက်ခံရသည့်စစ်ကောင်စီယာဥ်တန်း သေဆုံးသူ ၇ ဦးထိရှိဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၂၊ ၂၀၂၃ ယုံဗွေကွမ်းသီးခြံအပြန် မိုင်းဆွဲတိုက်ခိုက်ခံရ သည့် စစ်ကောင်စီ ယာဥ်တန်း သေဆုံးသူ စုစုပေါင်း ၇ ဦးထိရှိကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရွာငံမြို့နယ် ဘော်ရေဦးကျေးရွာနှင့် သိမ်ကုန်းကျေးရွာလမ်းကြားပိုင်းတွင် စစ်ကောင်စီယာဥ်တန်းကို အောက်တိုဘာလ ၂၁ ရက် နံနက်ပိုင်းက ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးDPLF မှမိုင်းဆွဲတိုက်ခိုက်ခံခဲ့သည်ဟုသိရသည်။ ယာဥ်တန်းတွင်ပါလာသည့် တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ကြပ်မျိုးမင်းသူသည် ပွဲချင်းပြီးသေဆုံးခဲ့ပြီး…

စစ်ကောင်စီဦးဆောင်ကျင်းပသည့် အင်းလေးဖောင်တော်ဦးဘုရားပွဲကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၂၊ ၂၀၂၃ စစ်ကောင်စီဦးဆောင်ကျင်းပသည့် ဖောင်တော်ဦးဘုရားပွဲကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် မနေ့က တက်ရောက်ခဲ့ကြောင်း အင်းဒေသခံအမျိုးသားတစ်ဦးမှသိရသည်။ စစ်ခေါင်းဆောင်တက်ရောက်သည့် အင်းလေး ဖောင်တော်ဦးဘုရားပွဲကိုစစ်ကောင်စီက လုံခြုံရေးတင်းကြပ်စွာချထားခဲ့ကြောင်း သိရသည်။ “ဘုရားကြွတဲ့အပေါ်မူတည်ပြီးတော့ ဒီနိုင်ငံတော်အဆင့် အကြီးအကဲတွေကတော့ ဖောင်တော်ဦးဘုရားကို ယုံကြည်သက်ဝင်တဲ့စိတ်နဲ့လာရောက်ပြီးတော့ ပင့်ဆောင်တာတွေရှိတယ်။ လုံခြုံရေးကတော့ အတိုင်းတာတစ်ခုထိတော့ချထားတယ်”ဟုအမည်မဖော်လိုသည့် အင်းဒေသခံတစ်ဦးကပြောသည်။ အင်းဒေသခံများသည် ခရီးသွားလုပ်ငန်းကိုမှီခိုပြီး အသက်မွေးဝမ်းကြောင်းပြုရခြင်းဖြစ်ပြီး ဘုရားပွဲပြန်လည်ကျင်းပခြင်းကြောင့် ဒေသခံများအတွက်ကောင်းစေကြောင်း၎င်းကဆက်ပြောသည်။…