ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၃၊ ၂၀၂၃
အိမ်တွင်းဆိုင်ကယ်ခိုးယူ​ခြင်း ၊ ရာသီပေါ်သီးနှံခိုးယူခြင်းသူခိုးများသောင်းကျန်း​သောကြောင့်အင်းကြီးရွာ လူငယ်များက ရွာတွင်းအလှည့်ကျကင်းစောင့် တာဝန်ယူနေရကြောင်း ဒေသခံအမျိုးသမီးက​​​ထံသိရသည်။
ရွာငံမြို့နယ် အင်းကြီးကျေးရွာတွင် ရွာတွင်းကင်းစောင့် လူငယ်များက အောက်တိုဘာလ ၁၅ ရက်နေမှစပြီး ယနေ့အချိန်ထိ ရပ်ကွက်အမှတ်စဥ်အလိုက် တစ်ညလျှင် ခြောက်ဦးအထိမပျက်မကွက် ကင်းစောင့်ရမည်ဟုသတ်မှတ်ထားသည်။
” တစ်အိမ်ထဲမှာ ဆိုင်ကယ်နှစ်စီးအထိပျောက်တယ်၊ ရာသီသီးနှံ လိမ္မော်သီးဆိုရင် မမည့်သေးဘူးအခိုးခံနေရတာများတယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦး က ခမ်းသားငေါဝ်းကို ပြောသည်။
အဆိုပါ လူငယ်များရွာတွင်းကင်းစောင့်တာဝန်ကို ကျေးရွာလူကြီးများ၏ ဆွေးနွေးဆုံးဖြတ်ချက်နှင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
ကျေးရွာအတွင်း လူငယ်များကင်းစောင့်တာဝန်ထားရှိ​ပြီးနောက်ပိုင်း လက်ရှိခိုးယူမှုနည်းပါသွားသည့်အပြင်ရွာတွင်းမှ ခိုးယူသူများကိုလည်း ဖမ်းဆီးနိုင်ခြင်းများရှိနေကြောင်းသိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံမြို့နယ်ကျေးရွာအများစုသည် အိမ်ဖောက်ပစ္စည်းခိုးယူခြင်း၊ ဓားပြတိုက်ခံရခြင်း၊ ရာသီပေါ်သီးနှံခိုးယူခြင်း ပိုမိုများပြားလာခဲ့ကြောင်းဒေသခံများထံသိရသည်။
#PPV-006

Leave a Reply

Your email address will not be published. Required fields are marked *