ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၁၊၂၀၂၃
ယုံဗွေကွမ်းသီးခြံတွင် စခန်းချပြီး ပြန်လာသည့်စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁ ဦးသေဆုံး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။
ရွာငံမြို့နယ် တပင်ပျော်၊ ငှက်သောက်ကျေးရွာရှိ ယုံဗွေကွမ်းသီးခြံတွင် စစ်ကောင်စီတပ်သား ၂၀၀ခန့်သည် သွားရောက်စခန်းချပြီး အောက်တိုဘာ ၂၁ ရက်နေ့ နံနက် ၈ နာရီအချိန် အပြန်ရေဦးလမ်းမကြီးတွင် တိုက်ခိိုက်ခံရခြင်း ဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှတပ်သား ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“စစချင်းသေနတ် သံတွေကြားတော့ လန့်သွားတယ်။ ဘယ်မှာပြေးပုန်းရမလဲ ဘာတွေဆက်ဖြစ်မလဲဆိုပြီး စိုးရိမ်နေရတာ၊ အခု လမ်းတွေပိတ်ထားတော့ ပိုစိုးရိမ်ရတာပေါ့”ဟု ဖြစ်စဉ်အနီးရှိ ဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ယနေ့တွင် အများပြည်သူ အဓိကအသုံးပြုနေသည့် အဆိုပါလမ်းမကြီးအား ပိတ်ထားပြီး စစ်ဆေးမှုများတင်းတင်းကြပ်ကြပ်ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုသည် မည်သည့်အဖွဲ့က လာရောက်တိုက်ခိုက်ခဲ့သည်ကို မသိရ သေးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
ခမ်းသားငေါဝ်းအနေဖြင့်လည်း မည်သည့်အဖွဲ့တိုက်ခိုက်သည်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိကြောင်း နှင့် နောက်ဆက်တွဲအခြေနေများကို ဆက်လက်စုံစမ်း‌နေဆဲ ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *