ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၆၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊‌နန်းနိမ့်ကျေးရွာနှင့်တောင်မဲသင်းကျေးရွာရှိ နေရပ်ပြန်စစ်ရှောင်များထံ မိုင်းရှင်းလင်းရန်အတွက်ငွေကောက်ခံခြင်းမရှိကြောင်း ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။
နေရပ်ပြန်စစ်ရှောင်ဒေသခံများသည် ဇူလှိုင်လလယ်ကတည်းက နေရပ်ပြန်လာကြပြီး ရွာပတ်ပတ်လည်ရှိ မိုင်းများကို မိုင်းအကြောင်းအနည်းငယ်သိရှိသူဒေသခံများက ကိုယ်တိုင်ရှင်းလင်းခဲ့ကြောင်းသိရသည်။
“တစ်ချို့က မိုင်းအကြောင်းနည်းပါးသိတဲ့သူရှိတယ်။သူတို့တွေဘဲရှင်းပေးတာ။
ပိုက်ဆံကောက်ပြီး ရှင်းပေးတာ ဘာညာတော့မရှိဘူး။”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါင်းကိုပြောသည်။
ရွာသားများ ကိုယ်တိုင်မိုင်းရှင်းလင်းရာတွင် ထိခိုက်ဒဏ်ရာအချို့ရရှိခဲ့ပြီး ယ‌နေ့ချိန်ထိ မည်သည့်အဖွဲ့စည်းမှ မိုင်းရှင်းလင်းပေးခြင်းမရှိကြောင်းသိရသည်။
ဒေသခံတစ်ဦးကလည်း “သူတို့ကကျွမ်းကျင်လို့ရှင်းတာမဟုတ်ဘူးလေ။ဘာအကာကွယ်မှလည်း မရှိဘူး။မိုင်းရှင်းရင်းနဲ့ခြေထောက်ထိမိ‌တဲ့သူရှိတယ်။ခုတော့ကောင်းသွားပြီ”ဟု ပြောသည်။
မတ်လ ၁၁ ရက်နေ့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *