ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၆၊၂၀၂၃
နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီကြောင့် အမျိုးသမီး (၂၉၃) ဦးသေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက အောက်တိုဘာလ ၂၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလ ၂၅ ရက်နေ့အထိ စစ်ကောင်စီကြောင့် နိုင်ငံတစ်ဝန်း အမျိုးသမီး (၂၉၃)ဦး သေဆုံးခဲ့ပြီး အဆိုပါ အရေအတွက်သည် လက်နက်ကြီးကျဉ်ကြောင့် သေဆုံးသူအရေအတွက်မှ အမျိုးသမီး( ၉၇)ဦး ပါဝင်ကြောင်းသိရသည်။
သေဆုံးသည့်အမျိုးသမီး (၂၉၃) ဦးအနက် စစ်ကိုင်းတိုင်းမှာ (၁၅၂) ဦးဖြစ်ပြီး သေဆုံးမှုအများဆုံးပါဝင်ကြောင်း သိရသည်။
နွေဦးတော်လှန်းရေးကာလအတွင်း နိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီက အမျိုးသမီး (၅၁၃) ဦးကို ဖမ်းဆီးခဲ့ပြီး မန္တလေးတိုင်းမှ (၉၅)ဦးဖြင့် အများဆုံးဖမ်းဆီးခံခဲ့ကြောင့် ဖော်ပြထားသည်။
လက်ရှိအကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ အမျိုးသမီး (၂၆၃)ဦးရှိပြီး စစ်ကိုင်းတိုင်းမှ (၁၃၈)ဦးဖြင့် အများဆုံး ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး အဆိုပါ (၂၆၃)ဦးအနက် ထောင်ဒဏ်ချမှတ်ခံထားရသူ (၄)ဦးနှင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့် သေဒဏ် နှစ်ခုပေါင်းချမှတ်ခံထားရသူ (၁) ဦးပါဝင်ကြောင်း သိရသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် နိုင်ငံတစ်ဝန်းရှိ ပြည်သူ ၁၉၆၁၀ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း ဖော်ပြထားပါသည်။
အောက်တိုဘာလ ၂၄ ရက် တွင် စစ်ကောင်စီမှ နိုင်ငံတဝန်းရှိ အကျဉ်းထောင်များကို ထောင်ဝင်စာတွေ့ခွင့် ပြန်လည်ခွင့်ပြုခဲ့ကြောင်းသိရပြီး အဆိုပါထောင်ဝင်စာတွေ့ခွင့်သည် သေဒဏ်ချမှတ်ခံရသူနှင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရသူများ မပါဝင်ကြောင်းလည်း စစ်ကောင်စီက ဆိုထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *