ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၇၊၂၀၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲပြင်းထန်ပြီး နမ့်ဖက်ကာတွင် လက်နက်ကြီးကျရောက်ပွဲကွဲမှုကြောင့် အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦး နှင့် ကလေးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရကြောင်း ဒေသခံအမျိုးသားတစ်ဦးထံမှ သိရသည်။

ယနေ့အောက်တိုဘာ၂၇ ရက်နေ့ မနက်ပိုင်းတွင် ညီနောင်မဟာမိတ်အဖွဲ့ဖြစ်သော MNTJP/MNDAA နှင့် စစ်ကောင်စီတပ် အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ကလေးတစ်ယောက်က ပွဲချင်းပြီး သေဆုံးတယ်။အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦးကတော့ နမ့်ဖက်ကာဆေးရုံကို ပို့ချိန်မှာသေတယ်။ ကျန်ငါးယောက်က ဒဏ်ရာရတယ်”ဟု နမ့်ဖက်ကာဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

တိုက်ပွဲက မနက်အစောပိုင်းကတည်းကဖြစ်ပွားခဲ့ပြီး လမ်းကြောင်းများပိတ်ဆို့မှုရှိ‌နေသဖြင့် နေ့လည် ၁၂ နာရီအချိန်မှသာ ဆေးရုံတင်ပို့ရကြောင်း ၎င်းကဆက်ပြောသည်။

တိုက်ပွဲကြောင့် နမ်းခမ်းမြို့နယ် သာယာကုန်းရွာအနီးတွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ကလေး၂ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေခံတစ်ဦးက ပြောဆိုသည်။

မနက်ပိုင်းတွင် MNDAA တပ်မဟာ ၂၁၁၊ ၅၁၁၊ ၆၁၁ တပ်ရင်းများက ချင်းရွှေဟော်၊ကွမ်းလုံ၊မုံကိုး၊လားရှိုး၊ နန်ကျွန်းဒေသရှိ စစ်ကောင်စီတပ်များကိုစခန်းသိမ်းတိုက်ပွဲဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

#PPV013
#နိုင်ငံရေး
#တိုက်ပွဲ
#Thepeoplevoice

 

Leave a Reply

Your email address will not be published. Required fields are marked *