ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၆၊၂၀၂၃
တောင်ကြီးတန်ဆောင်တိုင်ပွဲအတွက် မီးပုံးပျံများ ပြုလုပ်ရန် စစ်ကောင်စီက တစ်ရပ်ကွက်ကို ငွေ ၁၈ သိန်းကျပ်ပေးကာ ပြုလုပ်ခိုင်း‌နေကြောင်း တောင်ကြီးဒေသခံတစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ယခုနှစ် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကျင်းပမည့်တန်ဆောင်တိုင်ပွဲတော်ကို စစ်ကောင်စီက ဖိအားပေးလုပ်ဆောင်ခိုင်းမှုရှိနေပြီ မီးပုံးပျံများပြုလုပ်ရန်အတွက်လည်း ငွေထုတ်ပေးကာ အတင်းအကြပ်လုပ်ခိုင်းကြောင်း သိရသည်။
“စစ်ကောင်စီကတစ်ရပ်ကွက်ကို ၁၈ သိန်းချပေးတယ်။ အဲထက်ပိုကုန်ရင် ရပ်ကွက်က လူတွေဘဲ ပြန်စိုက်ရမယ်။ ယမ်းဝယ်တဲ့အချိန်လည်း သူတို့က လက်မှတ်ပေးပြီး အဲလက်မှတ်နဲ့ဘဲ အစိုးရရုံးမှာသွားဝယ်ရပါမယ် “ဟု မီးပုံးပျံပွဲအတွက် တာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ယခုနှစ် ကျင်းပမည့်ပွဲအတွက် လုံခြုံရေးတိုးမြှင်မည်ဖြစ်ပြီး အဝေရာ မီးပုံးပျံကွင်းပတ်ပတ်လည်ကိုလည်း အုတ်တံတိုင်းဖြင့်ကာရံထားမည် ဖြစ်ကြောင်း သိရသည်။
“အခုက အုတ်တံတိုင်း ဆောက်တာ ပြီးသလောက်ရှိ နေပြီ မြေတွေထပ်ညှိတယ် အဲတာတွေက လာရောက်လည်ပတ်မည့် ဧည်သည်များအတွက် ပိုပြီးလုံခြုံ အောင်စီစဉ်ထားတယ်။ “ဟု ၎င်းက ဆက်ပြောသည်။
ကွင်းလည်ကို သံဆူးကြိုးနဲ့ခတ်ထားတယ်။ အဲခတ်ထားတဲ့အထဲ မီးပုံးပျံလွှတ်တင်ဖို့ တာဝန်ရှိသူတွေဘဲ ဝင်ရမယ်လာကြည့်ရှုမယ့် ပရိတ်သတ်ဧည့်သည်တွေက ပြင်ပကနေဘဲ ကြည်ရမယ် ဟု ၎င်းက ဆိုသည်။
တောင်ကြီးမြို့ ရိုးရာတန်ဆောင်တိုင်မီးပုံးပျံပွဲသည် နိုဝင်ဘာ၂၁ ရက်‌နေ့မှ နိုဝင်ဘာ၂၇ ရက်န့အထိ ကျင်းပမည်ဖြစ်ပြီး မီးပုံးပျံများကို ညမီးကြီး နှင့် စိန်နားပန် ၆၃ လုံး လွတ်တင်သွားမည် ဖြစ်ကြောင်းသိရသည်။
ပုံ-facebook