ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၇၊၂၀၂၃
ရှမ်းပြည်တောင်ပိုင်း၊ပင်လောင်းမြို့နယ်ရှိ ဆောင်းပြောင်းကျေးရွာတွင် စားသုံးဆီနှင့်အခြားကုန်များ ကုန်ဈေးနူန်းအဆမတန်မြင့်သဖြင့် ဒေသခံများနောင်တရားမြို့ထိ သွားရောက်ဝယ်ယူရကြောင်းဒေသခံပြောပြချက်အရ သိရသည် ။
ဆောင်းပြောင်းကျေးရွာတွင် ပုံမှန်စားသုံးဆီတစ်ပိဿာ ၁၃၀၀၀ ကျပ်၊မြေပဲဆီတစ်ပိဿာ ၂၀၀၀၀ ကျပ်နှင့် ပုံမှန်စားသုံးဆီ ၁၀ ပိဿာဗုံးကို တစ်သိန်းသုံးသောင်းအထိ‌ ဈေးရှိကြောင်း သိရသည်။
“ဈေးကတအားကွာတယ်။နောင်တရားမှာ ဆီ ၁၀ ပိဿာပုံးဆိုကိုး သောင်းဂဏန်းဘဲရှိတာ။တံဆိပ်လည်းတူတူဘဲ။ပိဿာချိန်လည်းမှန်တယ်။‌ ဈေးကသုံးသောင်းကျော်လောက်ကွာတော့အဲမှာဘဲသွားဝယ်ကြတယ်”ဟု ဆောင်းပြောင်းဒေသခံတစ်ဦးကပြောသည်။
ဆောင်းပြောင်းကျေးရွာနှင့် နောင်တရားမြို့သည်မိုင် ၄၀ ဝန်းကျင်‌ ကွာဝေးကြောင်း သိရသည်။
အခြား တောင်သူတစ်ဦးကလည်း”ကျွန်မတို့ဆိုကားငှားပြီးသွားဝယ်ကြတယ်။‌ ဝေးပေမဲ့ဈေးကွာတယ်လေ။မြေဩဇာဆိုရင်တစ်အိပ်ကို ၅၀၀၀ ကျပ်ကွာပြီးသား။‌ မြေဩဇာက တစ်အိမ်ကို တစ်အိပ်နှစ်အိပ်ဘဲ ဝယ်တာမဟုတ်ဘူး‌‌လေ ။တစ်အိမ်ကို အနည်းဆုံး ၁၀ အိပ်လောက်ဝယ်ကြတယ်”ဟုပြောသည်။
အာဏာသိမ်းပြီးနောက် ကုန်ဈေးနူန်းအဆမတန်မြင့်တတ်လာခြင်းကြောင့် ဒေသခံများသည် ငွေကြေးခက်ခဲလာပြီး ဈေးနူန်းချိုသာသည့် စားသုံးကုန်ပစ္စည်းများကိုသာ ဝယ်ယူ‌လိုကြောင်း သိရသည်။
ပင်လောင်းမြို့နယ်၊ဆောင်းပြောင်းကျေးရွာတွင်အိမ်ခြေ ၈၀၀ ဝန်းကျင်ရှိကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *