ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၆၊၂၀၂၃
ကယား(ကရင်နီ)ပြည် လွိုင်ကော်မြို့နယ်ရှိ စစ်ရှောင်စခန်းများတွင် စစ်ရှောင်များ မွေးမြူထားသည့် ဝက်များ ဝက်နာကျ‌ရောဂါဖြစ်ပွားပြီး သေဆုံးနေကြောင်း စစ်ရှောင်တစ်ဦးပြောပြချက်အရ သိရသည်။
ရောဂါဖြစ်ပွားသောဝက်များသည် အစပိုင်းတွင်တုန်ပြီး အစာမစားဘဲ ဝမ်းချုပ်၊ ဝမ်းပိတ်ဖြစ်ကာ သေဆုံးခဲ့ကြောင်း သိရသည်။
” ရောဂါကူးတာ အရမ်းမြန်တယ် ခုရောဂါဖြစ်ပွားတဲ့ဝက်က သပ်သပ်စီ ထားထားတယ်။ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မဖြစ်သေးတဲ့ ဝက်တွေကို ကာကွယ်ဆေးထိုးထားတာ တွေလုပ်တယ် “ဟု စစ်ရှောင်ကူညီသူတစ်ဦး ပြောသည်။
ဝက်နာကျရောဂါဖြစ်ပွားသောဝက်များသည် စစ်ရှောင်များအတွက် တစ်အိမ်ထောင်စုကို တစ်ကောင်နှုန်းဖြင့် လှုမှုအဖွဲ့အစည်းတစ်ခုက ပေဝေထားသော ဝက်များ ဖြစ်ကြောင်း သိရသည်။
“စစ်ရှောင်တွေစားဝတ်နေရေး အဆင်ပြေအောင် စီစဉ်ပေးတာ ခုလိုကြုံတေ့ာလည်း မတတ်နိုင်ဘူး။တစ်ချို့ကျလည်း အဲလိုဖြစ်မှာ ကြောက်လို့ ဈေး ပေါးပေါးနဲ့ အမြန်ရောင်းတာတွေလည်းရှိတယ်”ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါစစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၅၀ ကျော်ရှိပြီး စားဝတ်နေရေးအတွက် ဝင်ငွေရရှိအောင် တစ်ဖက်တစ်လမ်း ဝက်မွေးမြူကြခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *