ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၁၊၂၀၂၃
ချို့ꩻထီ၊ ဟမ်ႏဖြေင်း(ဆတ်သေ၊ မြေမဲ)ကျေးရွာတွင် SSPP/SSA အဖွဲ့က ဆန်အပုံး ၈၀၀ တောင်းလာသဖြင့် ဒေသခံများအခက်အခဲကြုံရကြောင်း စုံစမ်းသိရှိရပါသည်။
ချို့ꩻထီ၊ ဟမ်ႏဖြေင်း(ဆတ်သေ၊ မြေမဲ)ကျေးရွာတွင် SSPP/SSA မှ ယမန်နေ့အောက်တိုဘာ ၂၀ ရက်နေ့မှာ ကျေးရွာတာဝန်ရှိသူများအား ဆင့်ခေါ်ပြီး ဆန်အပုံး ၈၀၀ တောင်းလာသည့်အတွက် ဒေသခံများအခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။
ကျေးရွာတာဝန်ရှိသူများအနေဖြင့် အဆိုပါ SSPP/SSA က တောင်းခံလာသည့် ဆန်အပုံး ၈၀၀ အား မပေးဆောင်လျှင်အသက်အန္တရယ်ကို စိုးရိမ်ရသလို ပေး‌ဆောင်လျှင်လည်း စစ်ကောင်စီနှင့် (ပီအဲန်အို) ပြည်သူစစ်များက သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွယ်သည်ဟု စွပ်စွဲပြီးဖမ်းဆီးနိစ္စက်မည်ကိုလည်း စိုးရိမ်နေရကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။
“အရင်တုန်းကတော့ RCSS/SSA ကနေ ဆက်ကြေးလာတောင်းတာတွေရှိတယ် လူကိုပြန်ပေးစွဲးသွားတာတွေရှိဖူးတယ် ဒီတစ်နှစ်၊ နှစ်နှစ်အတွင်းမလာတော့ဘူး အခုက SSPP/SSA ကတောင်းတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။
ချို့ꩻထီ၊ ဟမ်ႏဖြေင်း(ဆတ်သေ၊ မြေမဲ)ကျေးရွာသည် တောင်ကြီးမြောက်ဘက်တွင် တည်ရှိပြီး ပြောင်းကို အဓိကစိုက်ပျိုးကြကြောင်း၊ အဆိုပါရွာသည် ပအိုဝ်းတိုင်းရင်းသားများနှင့် ရှမ်းတိုင်းရင်းသားများ အတူယှဉ်တွဲနေထိုင်သည့်ကျေးရွာဖြစ်ကြောင်း သိရသည်။
ချို့ꩻထီ၊ ဟမ်ႏဖြေင်း(ဆတ်သေ၊ မြေမဲ) ဒေသသည် RCSS/SSA ၊ SSPP/SSA ၊ PNA ၊ PNO ပြည်သူစစ်အဖွဲ့များက ဝင်ထွက်သွားလာမှုရှိပြီး ၎င်းကျေးရွာအရှေ့ဘက် ဖာလိုင်တွင် စစ်ကောင်စီတပ်ရင်းတည်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *