ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၆၊၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့်ဒေသအတွင်း စစ်ကောင်စီတပ်က လေယာဉ်ဖြစ်လာရောက်ဗုံးကြဲတာကြောင့် နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း The KoKang ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့အောက်တိုဘာလ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် မန်တုံပရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် သုံးကြိမ်လာပစ်ခတ်ခဲ့ကြောင်း ဆိုထားသည်။
ထို့ပြင် ၁ နာရီ ၃၀ မိနစ်အချိန်တွင်လည်း ကွမ်လုံဒေသတွင် တပ်စွဲထားသည့်စစ်ကောင်တပ်က အဆိုပါမန်တုံပရွာကို လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုးကန့်တပ်မတော် MNDAA နှင့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကိုးကန့်တပ်မတော်ဘက်မှ တပ်သားတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါသည်။
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ် သေဆုံးမှုကို အသေးစိတ် မသိရှိရသေးကြောင်း ဆိုထားသည်။
ယမန်နေ့ အောက်တိုဘာလ ၂၅ ရက်နေ့တွင်လည်း မူပန်ဒေသ မိုင်းယန်အုပ်စု ဟောနမ်ရွာတွင်
စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသား ၁ သေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *