ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၉၊၂၀၂၃
ဖယ်ခုံမြို့အတွင်းရှိ ပြည်သူနေအိမ်များတွင် ဓားပြတိုက်မှု၊ လုယက်မှုများ ဖြစ်ပွားနေကြောင်း‌ ဖယ်ခုံဒေသခံတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့၊ မြို့ကုန်းနှင်ညောင်ပင်သာရပ်ကွက်ရှိ ဒေသခံပြည်သူများ နေအိမ်အချို့တွင် အမည်မသိလူနှစ်ဦးကအောက်တိုဘာလ ၁၈ ရက်နေ့၌ ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အခုက အခြေနေတော်တော်ဆိုးတယ်။ အိမ်ရှင်နာမည်ခေါ်ပြီး ဓားပြတိုက်တာ။ လာတိုက်တဲ့သူက လက်နက်‌လည်း ပါတယ်။ ဘယ်သူလဲ ဆိုတာတော့ မသိရဘူး။ မျက်စိပဲမြင်ရတယ်”ဟု ဓါးပြတိုက်ခံရအိမ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ယခုရက်ပိုင်းအတွင်း အချို့အိမ်တွင် ဖုန်း ၁၀ လုံး အခိုးခံရမှုများလည်းရှိပြီး ယခုကဲ့သို့ ဓါးပြတိုက်မှုလုပ်ရပ်များကို သက်ဆိုင်ရာတာဝန်ရှိသူများကလည်း တာဝန်ယူဖြေရှင်းပေးခြင်းမရှ်ိကြောင်း သိရသည်။
“တစ်ချို့အိမ်ဆို ဖုန်း‌တွေ ပိုက်ဆံတွေ အခိုးခံရတယ်။ ဘယ်မှာသွားတိုင်ရမလဲမသိဘူး။သွားတိုင်လည်း ဘာမှမထူးလာဘူးလေ”ဟု ဖယ်ခုံဒေသခံတစ်ဦးက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဖယ်ခုံမြို့တွင် နေအိမ်ဖောက်ထွင်းမှု၊ ခိုးယူမှု၊ လုယက်မှု နှင့် ဓားပြတိုက်မှုများ မကြာခဏ ကြုံတွေ့နေရကြောင်းဒေသခံများက ပြောဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *