ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၉၊၂၀၂၃
ပင်လောင်းမြို့နယ်တွင် ဓားမြတိုက်မှုဆက်တိုက်ဖြစ်ပွားပြီး ဒေသခံပြည်သူများက မိမိအသက်အိုးအိမ်လုံခြုံ‌ရေးကို စိုးရိမ်နေရကြောင်း ‌ပင်လောင်းဒေသခံတစ်ဦးထံမှ သိရသည်။
ပြီးခဲ့သည် အောက်တိုဘာလ ပထမပတ်တွင် ပင်လောင်းမြို့အရှေ့ဖက်ရှိ ထာငိုရွာ ဒေသခံအမျိုးသမီးတစ်ဦးသည် ဓားမြတိုက်ခံရပြီး ဆွဲကြိုးတစ်ကုံး၊ ပိုက်ဆံတစ်သိန်း နှင့် ဖုန်းတစ်လုံးပါသွားခဲ့ ကြောင်း သိရသည်။
ထိုနည်းတူ စက်တင်ဘာလတွင်လည်း နောင်တရား- ပေါအင်းရွာ သွားလမ်းတွင် ဆိုင်ကယ်တစ်စီး ဓားမြတိုက်ခံရပြီး ဖုန်းနှင့် ငွေသားအချို့ပါသွားခဲ့ ကြောင်း သိရသည်။
“အပြင်သွားတာဘဲဖြစ်ဖြစ်၊အိမ်မှာနေတာဘဲဖြစ်ဖြစ် တစ်ယောက်တည်း မနေရဲဘူး။အရမ်းကြောက်ရတယ်။ တစ်ချို့စိတ်ဓာတ်ယုတ်ညံ့သူတွေက ပေါင်းပြီးဓားမြလုပ်စားလာကြတယ်”ဟု ပင်လောင်းဒေသခံတစ်ဦးက ပြောသည်။
ပင်လောင်းမြို့နယ်သည် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါးသုံးစွဲသူ များလာပြီး ခိုးဆိုးလုယက်မှု၊ ဓားမြတိုက်မှုများ သိသိသာသာများလာကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
“အခုခေတ်က ကုန်ဈေးနှုန်းလည်းကြီးတော့ ပိုက်ဆံရှာရတာလည်း ခက်တော့ မကောင်းတဲ့နည်းလမ်း လုပ်ကြံလာကြတယ် “ဟု ၎င်းက ဆက်ပြောသည်။
ပင်လောင်းဒေသသည် PNO ပြည်သူ့စစ် ထိန်းချုပ်ဒေသဖြစ်ပြီး ရွာတိုင်းရွာတိုင်းတွင် ကင်းစောင်ကြရန်အတွက်လည်း PNOက စာထုတ် သတိပေးထားသည်။
PNOက အမိန်းစာထုတ်ပြီး ရွာများတွင်ကင်းစောင့် များထားရှိလာသော်လည်း ခိုးဆိုးလုယက်မှု၊ဓားမြတိုက်မှုများသည် နည်းပါးသွားခြင်းမရှိဘဲ ယခင်ထက်ပိုမိုများပြားလာကြောင်း ဒေသခံများက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *