ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၇၊၂၀၂၃
တီကျစ်မြို့တွင် ကျောက်မီးသွေးမိုင်းတွင်း မြေစာပုံပြိုပြီး သွယ်ထားသည့် ရေပိုက်များကွဲပျက်စီးသဖြင့် ဒေသခံပြည်သူများ သောက်သုံးရေနှင့်သွားလာရေးအခက်အခဲ‌‌ ကြုံတွေ့ရကြောင်း ဒေသခံတစ်ဦးကပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တီကျစ်မြို့ရှိကျောက်မီးသွေးမိုင်းတွင်း မြေစာပုံသည်အောက်တိုဘာလ ၁၂ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် မြေပြိုမှုဖြစ်ပွားပြီး ကျေးရွားများ၊မြို့ပေါ်ရပ်ကွက်များ သောက်သုံးရေအတွက် ရေထွက်မှသွယ်တန်းသည့်ရေပိုက်လှိုင်းများကွဲပျက်စီးရပြီး မြေစာပုံထဲနစ်မြုပ်ကာ သောက်သုံးရေများ ပြတ်တောက်ခဲ့ရကြောင်း သိရသည်။
“တစ်မြို့လုံးက ရေထွက်ဦးကနေ ရေသွယ်ကြတာ။ခုက ရေပိုက်လုံးတွေကွဲထွက်ပြီး မြေတွေပိနေတယ်။ပိုက်‌တောင်မမြင်ရဘူး။‌ ရေကမလာဘူး။ဝယ်သုံးနေရတယ်။ ဝယ်သုံးတဲ့ရေကလည်းကျောက်မီးသွေးမိုင်းထဲက ရေတွေဖြစ်တဲ့အတွက်အဆိပ်အတောက်ဖြစ်ပြီး သောက်သုံးဖို့အဆင်မပြေဘူး” ဟု တီကျစ်ဒေသခံတစ်ဦး‌က ခမ်းသားငေါင်းကို ပြောသည်။
ယခုကဲ့သို့ ကျောက်မီးသွေးတွင်း မြေစာပုံပြိုကျမှုကြောင့် တီကျစ်မြို့ အရှေ့ဘက်ရှိ တောင်ပို့လ ကျေးရွာ နှင့် ပင်မှီးကုန်းကျေးရွာများမှာလည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ကြုံတွေ့ရကြောင်း သိရသည်။
“ခုက ကလေးတွေ စာမေးပွဲဖြေရမဲ့ အချိန်လမ်းကသွားလို့မရဘူး။ တစ်ခြားလမ်းကနေ အဝေးကြီးပတ်သွားရတယ်။ သွားနေကြမဟုတ်တော့ကြိုပို့ရဒါလည်းအဆင်မပြေဘူး။ အချိန်ပိုကြာတယ်။ခုချိန်ထိပြင်မဲ့သူလည်းမရှိသေးဘူး”ဟု ဒေသခံ ကျောင်းသားမိဘတစ်ဦးက ပြောသည်။
ကျောက်မီးသွေးတွင်း မြေပြိုမှုကြောင့် အိမ်ခြေ ၄၀၀ ဝန်းကျင်၊ လူဦးရေ ၁၀၀၀ ကျော်‌သည် သောက်သုံးရေကို ဝယ်‌‌သောက်နေရပြီး မည်သည့်အဖွဲ့စည်းမှ တာဝန်ယူ‌ဖြေရှင်းပေး‌ခြင်းမရှိကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။
တီကျစ်ရှိ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကို၂၀၀၅ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် လူထု၏ ကန့်ကွက်မှုကြောင့် ခေတ္တရပ်နားခဲ့ သော်လည်း ၂၀၁၆ ခုနှစ်နောက်ပိုင်မှ ယနေ့အချိန်ထိဆက်လက်လည်ပတ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *