ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၈၊၂၀၂၃
ရှမ်း-ကယားနယ်စပ်ရှိ မိုးဗြဲမြို့ စည်ကား ၃ ရပ်ကွက်တွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူ နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
အောက်တိုဘာလ ၁၇ ရက် နေ့လယ် ၁ နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က စည်ကား ၃ ရပ်ကွက်ရှိ ဒေသခံနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့မီးရှို့တဲ့အိမ်က လူတောင်ပြန်မ‌နေကြသေးဘူး။ စစ်ကောင်စီ တပ်စွဲထားဒါလေ အဲဒီဘက်ကို ပြန်လာတာတွေ့ရင် ပစ်မယ်လို့ သူတို့ကခြိမ်း‌ခြောက်ထားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ယခုရက်ပိုင်းတွင် မိုးဗြဲမြို့အတွင်း စစ်ကောင်စီကတပ်သားအင်အားဖြည့်ပြီး မြို့ရွာပတ်လည်စောင့်ကြည့်ထားကြောင်း သိရသည်။
“စစ်တပ်က နေရာအနှံတပ်စွဲထားတယ်။ တစ်‌နေရာကိုလူအင်အား ၃၀ ဝန်းကျင်နဲ့မြို့ပတ်ပတ်လည်ရှိတယ်။ဘယ်သွားသွားသတိနဲ့သွားရတယ်။စိုးရိမ်ရဒါပေါ့”ဟု ၎င်း‌က ဆက်ပြောသည်။
ဒေသခံများသည် မိမိနေရပ်သို့ အရဲစွန့်ပြီးပြန်လာခဲ့ကြသော်လည်း လုံခြုံမှုမရှိဘဲ အမြဲသတိထား သွားလာနေထိုင်ရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
ယခု အောက်တိုဘာလ ၉ ရက်နေ့တွင်လည်း မိုးဗြဲမြို့ပေါ် တွင် တော်လှန်ရေးတပ်ပေါင်းစုများနှင့် စစ်ကောင်စီတပ်အကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *