ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၇၊၂၀၂၃
တီကျစ်မြို့ရှိ ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားစက်ရုံအတွင်း အလုပ်လုပ်သည့်ဝန်ထမ်းအချို့သည် စက်ရုံ၏ဆိုးကျိုးများကြောင့် ကျန်းမာရေးထိခိုက်ပြီး အသက်ဆုံးရှုံးရသည်အထိ ရှိခဲ့ကြောင်း ဒေသခံတစ်ဦး‌ပြောပြချက်အရ သိရသည်။
စက်ရုံသည် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်ဒေသတွင် တည်ရှိပြီး အလုပ်လုပ်ရင်း စက်ရုံး၏ဆိုးကျိုးများကြောင့် ကျန်းမာရေးထိခိုက်သည့်ဝန်ထမ်း ၃၀ ဦးအထက်ရှိနေကြောင်း သိရသည်။
“ကျွန်မ ဦးလေးသေဆုံးရတယ်။ သူကဒီစက်ရုံရဲ့ ပြာသိုလှောင်ရုံမှာ သူကပြာသွားထည့်တယ်။
အဲ့လိုမျိုးပြာသွားထည့်ရင်းနဲ့ ပြာထည့်ဖန်များလာတော့ ကျန်းမာရေးထိခိုက်တယ်။ အဲ့ဒီပြာမှုန့်ကြောင့်ဘဲ အသက်ဆုံးရှုံးတယ်။ အဲ့ဒါကျွန်မဦးလေးအရင်းခေါက်ခေါက်ပါ”ဟု စက်ရုံအနီးရှိ ဒေသခံအမျိုးသမီးတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
စက်ရုံမှထွက်လာသည့် အနံ့ဆိုးများသည် ဒေသတွင်းရှိ ကိုယ်ဝန်သည်အမျိုးသမီးများကိုလည်း
သားပျက်သားလျော်ခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်းများ ခံစားရကြောင်း သိရသည်။
အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးကလည်း”မွဲပြီးသေခိုင်းတဲ့ပုံစံ။ ဆယ်စုနှစ်ကျော်ပြီပေါ့။ကျွန်တော်တို့ငယ်ငယ်ကတည်းက အလုပ်သွားလုပ်ရင် ဟူး လုပ်လို့မရဘူး ခေါင်းအရမ်းမူးတယ်။တအားနံတာ နေ့တိုင်းခံစားရတယ်။ အသက်ရှူမဝဘူး။အငွေ့ပဲမြင်ရတော့ အသံတိတ်လူသတ်တဲ့ပုံစံမျိုးပေါ့”ဟု ပြောသည်။
စက်ရုံမှ ထွက်လာသည့်ဆိုးကျိုးအပြင် ယခုရက်ပိုင်းတွင် မြေစာပုံ၏ပြိုကျမှုကြောင့် မိုင်းတွင်းအရှေ့ဘက်ရှိ ပင်မှီကုန်း၊ တောင်ပို့လ၊ တရုတ်တောင်၊လုဲင်းခါး ကျေးရွာများမှ ဒေသခံများသွားလာမှု၊ မီးပြတ်တောက်မှု၊ ရေပိုက်လိုင်းပျက်မှု အခက်ခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *