ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၂၊၂၀၂၃
တောင်ကြီးမြို့ အဝေရာ မီးပုံပျံကွင်းတွင် နေ့ခင်းအချိန်မှာပင် တက္ကသိုလ် ကျောင်းသူနှစ်ဦး ဓားပြတိုက်ခံရပြီး ဖုန်းနှစ်လုံးပါသွားခဲ့ကြောင်း ကျောင်းသူတစ်ဦးထံမှ သိရသည်။
ယနေ့ အောက်တိုဘာ ၁၂ ရက်နေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့ပြီး ကျောင်းသူနှစ်ဦးသည် မီးပုံပျံကွင်းရှိ ပျံကျဈေးတွင် ဈေးသွားသုံးစဉ် ဈေးမရောက်ခင် ဈေးအနီးမှာပင် ဓားပြတိုက်ခံရကြောင်း သိရသည်။
” ဓားမြက နှစ်ယောက် ဆိုင်ကယ်က အစုပ်နဲ့ ဒူကာမပါတေ့ာဘူး။ ကျောင်းသူက ဈေးသွားနေရင်း ဓားပြက အနားကို ဆိုင်ကယ်ကပ်ရပ်ပြီး ကျောင်းသူနှစ်ဦးကို ဓားနဲ့ထောက်တယ်။လူမမြင်အောင် အမြန်ဖုန်းထုတ်ခိုင်းတာမို့ မိန်းကလေးတစ်ယောက် လက်မှာ ဓားရှဒဏ်ရာရသွားတယ်။”ဟု ဓားမြတိုက်ခံရသူနှင့် နီးစပ်သူတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ဓားပြတိုက်ခံရ ကျောင်းသူနှစ်ဦးသည် ပင်လောင်းနှင့် ဆီဆိုင်မှ တောင်ကြီးတက္ကသိုလ်ကို လာတက်သည့် ကျောင်းသူများဖြစ်ကြကြောင်း သိရသည်။
“ကျောင်းသူဆိုတော့ ဖုန်းအရေးကြီးတာပေါ့နော် ခုခေတ်က လူက ဖုန်းရှိမှ အဆင်ပြေကြတာလေ။ ကျောင်းတက်တာ ကုန်ကျစရိတ်များတာနဲ့ ဖုန်းပါ အလုခံရတော့ အဆင်မပြေတော့ဘူး”ဟု ထိုသူက ဆက်ပြောသည်။
တောင်ကြီးအဝေရာ မီးပုံးပျံကွင်းတွင် နေ့စဉ်လာရောက်အပန်းဖြေသူများပြားနေပြီး ဓားပြတိုက်မှုများ၊ လုယက်မှုများလည်း မကြာခန ဖြစ်ပွားနေ ကြောင်း ဒေသခံလူငယ်တစ်ဦး ပြောပြချက်အရသိရသည်။