ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၂၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဖက်ဒေသ ပျဉ်းမနားနယ်စပ် လေဒူခေါင်၊ ဖိုးစိုး၊ခေါင်တလိုကျေးရွာများရှိဒေသခံများ နှင့် စစ်ရှောင်များသည် အရေပြားရောဂါဖြစ်ပွား နေကြကြောင်းဒေသခံများထံမှ သိရသည်။
အဆိုပါဒေသသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ရွာသုံးရွာပေါင်း ဆေးခန်းတစ်ခုတည်းရှိကာ တစ်ရွာနှင့်တစ်ရွာလည်း အလှမ်းဝေးသဖြင့် ဆေကုသရန်အတွက် အခက်ခဲများရှိကြောင်း သိရသည်။
ကယန်းအမျိုးသမီးအစည်းအရုံး၏ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတာဝန်ခံတစ်ဦးက “သူတို့ဖြစ်တာက ၅လ လောက်ရှိပြီ ဒေသခံတွေ ဖြစ်တာများတယ် ဆေးကုသနိုင်တဲ့ သူလည်းရှိတယ် သူတို့နည်းနဲ့ သူတို့ဟန်နဲ့ ကုသွားတာများတယ်။ ဒီဖက်က ကျန်းမာရေး ဝန်ဆောင်မှု ‌‌‌‌‌‌‌‌‌‌‌‌‌လာပေးတဲ့ အစုအဖွဲ့က မရှိသလောက်ရှားတယ်”ဟု ပြောသည်။
ဆေးကုသနိုင်သည့် ဒေသခံများသည် သီကျိတ် ဆေးပေးခန်းတွင် သွားရောက်ကုသကြကြောင်းသိရသည်။
ယခုအရေပြာရောဂါနှင့် ပက်သက်ပြီး သီကျိတ် ဆေးပေးခန်းတာဝန်ခံ ဘယ်နဒဲသာကို ဖုန်းဖြင့်ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါ။
အဆိုပါကျေးရွာသုံးရွာတွင် ဒေသခံနှင့် စစ်ရှောင်သူဦးရေ စုစုပေါင်း ၇၀၀ ကျော်ရှိပြီး လှုဦးရေ ၂၀၀ နီးပါးသည် အရေပြားရောဂါဖြစ်ပွားနေကြကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *