ခမ်းသားငေါဝ်း
အောက်တိုဘာ ၉၊ ၂၀၂၃
အလှူရှင်များမရှိသည့်အတွက် အောင်ကလဒ် အပေါ်ရွာရှိ စစ်ရှောင်များစားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေရကြောင်း စစ်ရှောင်ကူညီသူ များထံသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် အောင်ကလပ်အပေါ်ရွာရှိ စစ်ရှောင်းများထံ အလှူရှင်ရောက်ရှိမှု နည်းပါးခြင်းကြောင့်စာနပ်ရိက္ခာပြတ်လပ်မှုကြုံတွေ့နေရကြောင်း သိရသည်။
လက်ရှိမှာ စစ်ရှောင်များသည်ရွာက စိုက်ခွင့်ပေးထားသည့်လယ်တွင် ဆန်စပါးစိုက်ပျိုးပြီး စားနပ် ရိက္ခာအတွက် ဖြေရှင်းနေရသော်လည်းဖူလုံမှုမရှိကြောင်းသိရသည်။
“အခုဆိုရင် သူများဆီမှာငွေချေးပြီး ဆန်ဝယ်စားနေရတယ်။ စပါးစိုက်တာလည်း စပါးမကောင်းတော့ သူတို့စားနပ်ရိက္ခာအတွက်ဆို ၁ လ ၂ လစာပဲ ဖူလုံလိမ့်မယ်။” ဟု စစ်ရှောင်တာဝန် ခံတစ်ဦး ကပြောပါတယ်။
ပြီးခဲ့သည့် ၈ လပိုင်းက စစ်ရှောင်များအတွက် ဆန်နှင့် ထောက်ပံ့ကြေး ငွေ ၁ သိန်း ၂ သောင်းရရှိသော်လည်း စားနပ်ရိက္ခာအတွက်ဖူလုံမှုမရှိသေးကြောင့် သိရသည်။
ထို့အပြင်လက်ရှိ လွိုင်ကော်မြို့အရှေ့ဘက် လွိုင်လင်လေးမှ စစ်ရှောင်များတိုးလာ​ခြင်းကြောင့် စားနပ်ရိက္ခာ ပိုပြီးလိုအပ်နေကြောင်းသိရသည်။
“စာနပ်ရိက္ခာအတွက် သူတို့ကဆန်လေးတစ်ခုပဲ ဖူဖူလုံလုံ သာရရှိမယ်ဆိုရင် သူတို့စိတ်သက်သာရာရမယ် အခုကစားနပ်ရိက္ခာအတွက် တွေးပူနေတော့ နောက်ဆက်တွဲ ကျန်းမာရေးထိခိုက်လာတယ်။” ဟု စစ်ရှောင် တာဝန်ခံ က ဆက်ပြောသည်။
အောင်ကလဒ်ရွာတွင် စစ်ရှောင် ၃၀၀ ကျော်ရှိပြီး စားနပ်ရိက္ခာအပါအဝင် ဆေးဝါးများလည်း လိုအပ်နေကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *