ခမ်းသားငေါဝ်း
အောက်တိုဘာ ၉၊ ၂၀၂၃
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ အင်းတိန်ကျေးရွာတွင် စစ်ကောင်စီတပ်က ကားများချောဆွဲမှုပြုလုပ်သဖြင့် ဒေသခံကားသမားများ အခက်ခဲကြုံတွေ့ နေရ ကြောင်းသိရသည်။
စစ်ကောင်စီတပ်များသည် အောက်တိုဘာလပထမပတ်အတွင်းရွာထဲတွင် ကားရှိသူများကို အလှည့်ကျ ခေါ်ပြီး သူတို့သွားလိုရာကိုပို့ပေးရသည့်အပြင် ကားသမားများကိုလည်း ငွေထပ်မံညစ်သေးကြောင်းကားသမားပြောပြချက်အရသိရသည်။
“တစ်ချို့ကားသမား ရွာထဲမပြန်ရဲကြတေ့ာဘူး သူတို့ကိုလိုက်ပို့တာ အလုပ်လည်းပစ်ထားရတယ် ပြီးရင် ဓာတ်ဆီဖိုးလည်း ကိုယ်ကိုတိုင် ပြန်ထုတ်ရတယ် သူတို့စားသောက်ဖိုးလည်း လိုက်ပို့ပေးတဲ့ ကားသမားပဲရှင်း ပေးရတာ အဆင်မပြေဘူးဗျာ့ သူတို့က မတရား လုပ်နေတာ”ဟု ကိုယ်တိုင်ကြုံ တွေ့ခဲ့သူကုန်ကားမောင်းသူတစ်ဦးက ပြောသည်။
ထိုအပြင် နိုင်‌‌ငံရေးအခြေအနေမတည်ငြိမ်သည့်အချိန်တွင် စစ်ကောင်စီနှင့်ပူးတွဲ သွားလာခြင်းသည်လည်းမိမိ၏ လုံခြုံရေးကို အထူးစိုးရိမ်ရ‌ ကြောင်း ၎င်းကဆက်ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ အင်းလေးဒေသတိုက်ပွဲ ပြင်းထန်သည့် အချိန်တွင်လည်း စစ်ကောင်စီနှင့် PNOပြည်သူ့စစ်များက အင်းလေးဒေသခံကားများကို ချောဆွဲပြီးစစ် မြေပြင်အထိ ခေါ်သွား​ခြက်း မျိူးလည်း ရှိခဲ့ကြောင်း ဒေသခံ ပြောပြချက်အရသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *