ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၂၊၂၀၂၃
မိုးဗြဲဒေသရှိ စစ်ရှောင်စခန်းတွင် မိုးဆက်တိုက်ရွာသွန်းသဖြင့် စစ်ရှောင်များ နေထိုင်သည့်ယာယီတဲများ ရေနစ်မြုပ်သွားကြောင်း စစ်ရှောင်ကူညီသူ တစ်ဦးပြောပြချက်အရ သိရသည်။
မိုးဗြဲဒေသရှိ စစ်ရှောင်စခန်းတွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဘီလူးချောင်းရေ မြှင့်တက်လာသဖြင့် စစ်ရှောင်ပြည်သူများ နေထိုင်သည့်ယာယီတဲများ ရေနစ်မြုပ်ပြီး နေထိုင်ရေးအခက်အခဲကြုံတွေ့နေရကြောင့် စစ်ရှောင်ကူညီသူထံမှ သိရသည်။
ထိုစစ်ရှောင်စခန်းသည် မိုးဗြဲ-လွိုင်ကော် နန်းမယ်ခုံကြားတွင်ရှိပြီး ယခုတလောအတွင်းမိုးများ ဆက်တိုက်ရွာသောကြောင့် စစ်ရှောင်အိမ်ခြေ ၅၀၀ ကျော်ထဲမှ ၁၀၀ ကျော်ရေနစ်မြုပ်သွားကြောင့် သိရသည်။
“ပြီးခဲ့တဲ့ ၁ ရက် ၂ရက်မှာ မိုးကအဆက်မပြတ်ရွာနေတော့ ရေကတက်လာပြီး တဲအိမ်တွေထဲ ရေတွေဝင်ကုန်တာပေါ့ သူတို့နေတာက ချောင်းဘေးလယ်ကွင်းမှာဆိုတော့ ဒီနေ့က နေသာတော့ နည်းနည်းပြန်ကျတယ်။ အချို့တဲအိမ်တွေကတော့ အခုထိရေမြုပ်တုန်းဘဲ” ဟု စစ်ရှောင်ကူညီသူကပြောသည်။
အိမ်များရေနစ်မြုပ်သွားသောကြောင်း ရေမနစ်မြုပ်သည့် စခန်းတွင် ပြောင်းရွေ့နေထိုင်ခြင်းများ ပြုလုပ်နေရပြီး လက်ရှိတွင် ၄င်းတို့အတွက်စားနပ်ရိက္ခာများနှင့် အသုံးအဆောင် စောင်များ၊ခြင်ထောင်များ လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူက ယခုလို ပြောဆိုသည်။
“ရေကတစ်ဖြည်းဖြည်းတက်လာတော့ ပစ္စည်းတွေချက်ချင်းရွေ့လိုက်တာ အများကြီးတော့မပျက်စီးကြဘူး။ အချို့အိမ်က အခုထိရေနစ်တော့ မိုးကာတို့ တဲအိမ်တို့တော့ ပျက်စီးကုန်တာပေါ့။” ဟု စစ်ရှောင် ကူညီသူက ပြောဆိုသည်။
ထိုစစ်ရှောင်စခန်းတွင် မိုးဗြဲတွင်ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် စစ်လာရှောင်သူဦးရေ တစ်ထောင်ကျော်နီးပါရှိပြီး ဘီးလူးချောင်းဘေး လယ်ကွင်းတွင် တစ်နှစ်နီးပါး ယာယီတဲထိုးကာ နေထိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *