ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၁၊၂၀၂၃
ဒီမော့ဆိုအနောက်ဘက်ခြမ်း ဒေါရောက်ခူးစစ်ရှောင်စခန်းတွင် ကလေးငယ်များအဟာရချို့တဲ့ပြီး ရောဂါများအလွယ်တကူ ကူးစက်ခံနေရကြောင်းစစ်ရှောင်‌လူငယ်တစ်ဦး‌ထံမှ သိရသည်။
အဆိုပါစစ်ရှောင်စခန်းတွင် ၅နှစ်အောက် ကလေးငယ် ၃၀၀ ဝန်းကျင်ရှိပြီး အဟာရရှိအစားစာများအပြည့်အဝ မရရှိကြဘဲ အဖျားရောဂါကူးစက်မှုများခံနေရကြောင်း သိရသည်။
“ခုတလော ကလေးတွေအဖျားများတယ်။
ကလေးတွေဖျားလွယ်ဒါ မိဘရဲ့ထောက်ပံ့မှုလည်းလိုတယ်လို့မြင်တယ်။ ဘာလို့လဲဆိုတော့အစားစာနဲ့ပတ်သတ်ပြီး လိုအပ်ချက်တွေရှိတယ်။မိဘတွေကပြည့်ဝတဲ့အဟာရ‌‌တွေ ကျွေးဖို့လိုတယ်။လူကြီးတွေက မစားရလည်းမဖျားဘူး။ ကလေးကအဲလိုမဟုတ်ဘူး။”ဟု စစ်ရှောင်တစ်ဦးက ပြောသည်။
လက်ရှိကာလတွင် စစ်ကောင်စီတပ်က လမ်း‌များကိုပိတ်ဆို့ထား‌သောကြောင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အလုံအလောက်သယ်ယူပို့‌ဆောင်ရန် အခက်ခဲများရှိကြောင်း ဆိုသည်။
အဆိုပါစစ်ရှောင်စခန်းများတွင် ကလေးငယ်နှင့်သက်ကြီးရွယ်အိုအများဆုံးရှိပြီး စားနပ်ရိက္ခာနှင့်ကျန်းမာရေးစောက်ရှောက်မှုများ လိုအပ်နေကြောင်းသိရသည်။
ဒီမော့ဆိုအနောက်ဘက်ခြမ်း ဒေါရောက်ခူးစစ်‌ ရှောင်စခန်းတွင် လူဦးရေ ၅၀၀၀ ကျော်ရှိပြီး ၄၀၀၀ နီးပါးက ရာသီတုတ်ကွေး‌ အဖြစ်များကာ ဆေးဝါးများ လိုအပ်မှုရှိနေကြောင်းလည်း စစ်ရှောင်းတစ်ဦးက ဆိုထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *