ခမ်းသားငေါဝ်း
အောက်တိုဘာ ၈၊ ၂၀၂၃
ယခုနှစ်မိုးများပြီးရေနှစ်မြုပ်မှုရှိခြင်းကြောင့် ဂျင်းများပုတ်သွားမည်ကို စိုးရိမ်ပြီး အချိန်မတန်သေးဘဲ တူးနေရခြင်းကြောင့် တောင်သူများ အရှုံးပေါ် နေရသည်ဟုသိရသည်။
ပင်လောင်းမြို့နယ်၊ နောင်တရားဒေသမြေနိမ့်ပိုင်းနှင့် လယ်ကွင်းများတွင် စိုက်ပျိုးထားသည့် ဂျင်းများသည် တောင်ကျရေများ မကြာခဏမြုပ် နေခြင်း ကြောင့် အချိန်မတန်သေးဘဲ တောင်သူများ စေားလျှင်စွာ တူးနေကြရသည်ဟု ‌‌‌‌‌‌‌‌‌‌‌သိရသည်။
“ခုက ဂျင်း ဈေးမရှိဘူး ရေခဏခဏမြုပ်ပြီး ပုတ်သွားမှာ ကြောက်လို့ ဒီတိုင်းအနုဘဲတူး နေရတာ၊ အနုကလှောင်ထားလို့လည်းမရဘူးဆိုတော့ ဈေးမရှိလည်း ရောင်းရတာပါဘဲ မြေဩဇာဖိုး လူငှားဖိုး တောင် ပြန်လောက်မလား မသိဘူး အများကြီးရှုံးသွားတယ်”ဟု ဂျင်းစိုက် တောင်သူတစ်ဦးက ပြောသည်။
ဂျင်းကို ပုံမှန် ဒီဇင်ဘာလ၊ ဇန်နဝါရီလ မှ တူးလို့ရသော်လည်း ယခုအနုကိုတူးခဲ့ရပြီး ဈေးက တစ်ပိဿာ ၁၀၀၀ ကျော်ဘဲ ရှိတယ်ဟု ယင်းတောင်သူကပြောသည်။
ဂျင်းအပြင် တစ်ခြားစိုက်ပျိုးသီးနှံများဖြစ်ကြသည့် ပြောင်း၊ ခရမ်းချဉ်သီးပင်၊ ဂေါ်ဖီထုပ်စသည့် စိုက်ပျိုးရေးခြံများစွာလည်း ရေမြုပ်ပျက်စီးခြင်းရှိခဲ့သည်။
ပင်လောင်းမြို့နယ် နှင့်နောင်တရား ဒေသတို့တွင်စိုက်ပျိုးရေးကိုသာ အဓိကထား လုပ်ကိုင်ကြပြီး ရာသီဉတုဖောက်ပြန်နေခြင်းကြောင်း ဒေသခံ များ၏ စားဝတ် နေရေးအခက်ခဲ ပိုကြပ်တည်း စေကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *