ခမ်းသားငေါဝ်း
အောက်တိုဘာ ၆၊ ၂၀၂၃
လွိုင်ကော်မြိုပေါ်တွင် စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူမှုများရှိနေခြင်းကြောင့် ပြည်သူများစိုးရိမ်နေရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ကယား(ကရင်နီ)ပြည် လွိုင်ကော်မြို့​ပေါ်ရှိ ထေးသမရပ်ကွက် နှင့် ဒေါဆော်ဘီးကျေးရွာတွင် အောက်တိုဘာလ ၃ ရက်နှင့် ၄ ရက်နေ့၌ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများက တစ်အိမ်တက် တစ်အိမ်ဆင်း သန်းခေါင်စာရင်း လိုက်လံကောက်ယူခဲ့ကြောင်း သိရသည်။
ထိုသို့ သန်းခေါင်စာရင်းလိုက်လံကောက်ယူမှု ကြောင့် ပြည်သူများက စိုးရိမ်ထိတ်လန့် ဖြစ်နေကြရ အတင်းအကြပ်စစ်ဆေးမှုများပြုလုပ်မည်ကိုလည်း စိုးရိမ်ကြောင်း လူငယ်တစ်ဦးက ယခုလိုပြောဆိုသည်။
“အဓိက စိုးရိမ်တာကတော့ သူတို့အရမ်းရစ်မှာကြောက်တယ်၊ ကိုယ်လုပ်နေတဲ့အလုပ်ပေါ်မှာ မသင်္ကာလို့ သူငယ်ချင်းတွေကိုပါ ဖမ်းခေါ်သွားမှာ စိုးရိမ်တယ်။ကိုယ်ကအေးဆေးနေပေမဲ့ သူတို့ကအတင်းကြပ်ကောက်ခံပြီး စစ်ဆေးမှု့တွေပြုလုပ်မှာကိုစိုးရိမ်တယ်”ဟု ဒေသခံလူငယ်တစ်ဦးက ပြောသည်။
သန်းခေါင်စာရင်းကောက်ယူရသည့် အကြောင်းအရင်းကို မသိရပေမဲ့ နိုင်ငံတကာမှာ မြန်မာနိုင်ငံသည် အေးချမ်းတည်ငြိမ်မှု့ရှိနေကြောင်းကို ပြသရန် လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးမှ သူ၏ထင်မြင်ချက်ကို ပြောပြသည်။
ဒေသခံအမျိုးသားတစ်ဦးက “သူတို့က သန်းခေါင်စာရင်းလိုက်ကောက်ပြီး ရလာတဲ့အချက်လက်တွေကို နိုင်ငံတကာမှာ မြန်မာနိုင်ငံက ငြိမ်းချမ်းမှုရှိနေကြောင်းတွေ ပြီးတေ့ာ လွိုင်ကော်မှာ လူစည်ကားနေတယ်ဆိုတဲ့ အကြောင်းကို ပြချင်လို့ ကောက်တယ်လို့ထင်တယ်”ဟု သူ့အမြင်ကို ပြောဆိုသည်။
သန်းခေါင်စာရင်း ကောက်ယူရာတွင် လူဦးရေမည်မျှရှိကြောင်း၊ အရင်ကထက်မည်သည့်အရာများ တိုးတက်ပြောင်းလဲမှု့ ရှိလာ‌ကြောင်း စသည့်အကြောင်းအရာများနှင့် အခြားသော စစ်ဆေးမေးမြန်းမှုများလည်း ရှိခဲ့ကြောင်း သန်းခေါင်စာရင်း ကောက်ယူခံရပြီးသူ ဒေသခံတစ်ဦး ပြောဆိုချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *