ခမ်းသားငေါဝ်း
အောက်တိုဘာ ၄၊၂၀၂၃
ရှမ်းရှေ့ တာချီလိတ်မြို့တွင် ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၁၃၂.၇ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) များကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ဖော်ပြချက်အရ သိရသည်။
အောက်တိုဘာလ ၁ ရက်နေ့ ၁၂း၃၀ အချိန် တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ ကားဂိတ်တွင် ရဲမင်းလတ် လာရောက်ပို့ဆောင်သည့် ပါဆယ်အတွင်းမှ
ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၇၃၈ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) အလေးချိန် ၁.၅၈ ကီလို သိမ်းဆည်းရမိကြောင်း သိရသည်။
မွန်းလွဲ ၁း၀၀ အချိန် ၎င်းနေထိုင်သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ မြတ်လေးလမ်းရှိ နေအိမ်ကို ဆက်လက်ရှာဖွေရာ နေအိမ်အတွင်းမှ
ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၃၉၄.၇ သိန်း တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) အလေးချိန် ၂.၁၇၇ ကီလို ထပ်မံတွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။
အဆိုပါ ရဲမင်းလတ်(၃၂)နှစ်အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များကို ဖော်ထုတ်နေကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲက ဖော်ပြထားပါသည်။