ခမ်းသားငေါဝ်း
အောက်တိုဘာ ၄၊၂၀၂၃
ဒေါရောက်ခူးကျေးရွာတွင် ရာသီတုပ်ကွေးအဖြစ်များပြီး ဆေးဝါးလုံလောက်မှုမရရှိသဖြင့် လူနာသုံး ဦး အသက်သေဆုံးခဲ့ရကြောင်း‌ ဒေါရောက်ခူးဒေသခံတစ်ဦးက ပြောသည်။
ဒီမောဆိုအနောက်ဘက်ခြမ်း ဒေါရောက်ခူးကျေးရွာတွင် လူဦးရေ ငါးထောင်ကျော်ရှိပြီး လေးထောင်နီးပါးက ရာသီတုတ်ကွေးကူးစက်ခံနေရသဖြင့် ဆေးဝါများလုံလောက်မှုမရှိကြောင်း သိရသည်။
“ဆေးခန်းကရှိတယ်။ခုကရောဂါတွေကူးဒါ အရမ်းမြန်‌တော့ အကုန်ဖျားနေကြတယ်။ ဆေးခန်းသွားရင်လည်းအကြာကြီးစောင့်ရတယ်။ ဆေးကမလောက်ဘူး။ ကျွန်တော်တို့ရပ်ကွက်မှာ ရောဂါဖြစ်ဒါနဲ့ ဆေးခန်းမသွားဘဲ ရှိတဲ့ဆေးနဲ့သောက်တယ်။ သေဆုံးဒါသုံးယောက်ရှိပြီ” ဟု ဒေါရောက်ခူးဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
လက်ရှိကာလတွင် စစ်ကောင်စီတပ်က လမ်း‌များကိုပိတ်ဆို့ထား‌သောကြောင့် ဆေးဝါးများကို ပေါ်တင်သယ်ယူ၍ မရဘဲ ရသည့်နည်းလမ်းဖြင့် သယ်ယူနေရကြောင်း သိရသည်။
စစ်ရှောင်လူငယ်တစ်ဦးကလည်း ” ဆေးတွေကိုပေါ်တင် တင်လို့မရဘူး။ ခိုးကြောင်ခိုးဝှက်နဲ့နည်းနည်းစီဘဲ တင်ရတယ်။ ဆေးကတော့လုံလောက်မှာ မဟုတ်ဘူး” ဟု ပြောဆိုသည်။
ရာသီတုပ်ကွေးသည် ပထမအဆင့်နှာစေးခြင်း၊ချောင်းဆိုးခြင်း လောက်သာဖြစ်ပေမဲ့ ကုသမှုမရှိပါက နောက်ဆက်တွဲသွေးအန်ပြီး အသက်အန္တာရာယ်ပါစိုးရိမ်ရနိုင်‌ကြောင်း ကျန်းမာရေးဝန်ထမ်းတစ်ဦးထံမှ သိရသည်။