ခမ်းသားငေါဝ်း
အောက်တိုဘာ ၄၊၂၀၂၃
ညောင်ရွှေမြို့နယ် စံကားဒေသရှိ ကျေးရွာများတွင် စက်တင်ဘာလကစပြီး စစ်ကောင်စီလက်အောက်ခံများက သန်းခေါင်စာရင်းကောက်ယူမှုများရှိနေပြီဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
“ဒီဘက်မှာတော့ ရွာတိုင်းကောက်တယ်။ ကျွန်တော်သိသလောက် ဒီအနီးနားရွာက ဟိုနားရွာ၊ လှီမှီးရွာ၊ လွယ်ဗောင်၊ နောင်ဗို၊ ကုန်းပြား၊ ဆည်ခေါင်း၊ လွယ်ခေါ် စတဲ့ရွာတွေမှာတော့ ရွာတိုင်းပဲ သန်းခေါင် စာရင်းကောက်တယ်” ဟု စံကားဒေသ အမျိုးသားတစ်ဦးက ပြောသည်။
သန်းခေါင်စာရင်းကောက်တုန်းက အထက်ကလူတွေပဲကိုယ်တိုင်လာကောက်သွားတာ၊ သူတို့ကောက်တာက ဘယ်သူက ဘာလုပ်နေတယ်၊ ဘယ်မှာရှိနေတယ်၊ မှတ်ပုံတင်နံပါတ်တွေရယ်အဲလောက်ပဲ ဟု သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်သူ‌ အမျိုးသားတစ်ဦးပြောပြချက်အရ သိရသည်။
သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍ ပြည်သူများသည် ကောက်ယူရသည့်အကြောင်းရင်းကို မသိရှိရကြောင်း ပြောဆိုကြသည်။
“ခုထိတော့ သူတို့သန်းခေါင်စာရင်းစကောက်ကတည်းက ဘာမှမပြောသေးဘူးပဲ၊ ကျွန်တော်တို့လည်း ဘာလို့သန်းခေါင်စာရင်းလာကောက်တာလည်း မသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီမီဒီယာအချို့တွင် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း (၂၀)ကျော်ကို အောက်တိုဘာလ (၁)ရက်နေ့မှစ၍ စမ်းသပ်သန်းခေါင်စာရင်းများ ကောက်ယူနေပြီဖြစ်ကြောင်း ဖော်ပြထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *