ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၊ ၂၀၂၃
ရွာငံမြို့နယ် ပဲယင်းတောင်ကျေးရွာမှ စစ်ဘေးတိမ်းရှောင်လာသည့် ကိုဝင်းကျော်ကို စစ်ကောင်စီကလိုက်လံဖမ်းဆီးရာမမိလိုက်သောကြောင့် ဇနီးဖြစ်သူကိုဖမ်းဆီးသွားကြောင်း ရပ်ကွက်အတူနေထိုင်သောဒေသခံထံမှစုံစမ်းသိရပါသည်။
ပင်းတယမြို့နယ်၊ ပုန်းတကန်အနောက်ဘက်၊ဆင်ခေါင်းရပ်ကွက်သို့ စစ်ဘေးရှောင်ပြောင်းရွေ့နေထိုင်လာသည့် ကိုဝင်းကျော်နှင့် ဇနီးမပိုးဥနေအိမ်ကို စစ်ကောင်စီက စက်တင်ဘာလ ၂၉ ရက်နေ့တွင်ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းသိရပါသည်။
အဆိုပါဖြစ်စဥ်တွင်ယောကျာ်းဖြစ်သူကိုစစ်ကောင်စီက မဖမ်းမိလိုက်သောကြောင့် ကိုယ်ဝန်သုံးလ ရှိဇနီးမပိုးဥကို ရွာငံမြို့နယ်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံ ပြောသည်။
” အဲနေ့လည်က မိုးအရမ်းရွာနေတယ် အိမ်စီးကားနဲ့လာသွားတယ်၊ ပြောင်းလာပြီးလာနေနေတဲ့ကိုဝင်းကျော်မိန်းမကိုခေါ်သွားမှန်းသိရတယ်၊ သူတို့လာနေတာ ကြာနေပြီ” ဟုဆင်ခေါင်းရပ်ကွက်နေထိုင်သူ တစ် ဦး ကခမ်းသားငေါဝ်းကိုပြောသည်။
စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဖမ်းထားသည့် မပိုးဥ ပြန်လွတ်လာသည်နှင့် ကိုယ်ဝန်ပျက်ကျသည် ဟုသတင်းများထွက်ပေါ်လာခဲ့သည်။
အဖမ်းခံရသူ မပိုးဥပြန်လွတ်ခြင်း၊ မလွတ်ခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်းရှိမရှိနှင့် နေအိမ်ကိုပြန်လည်နေထိုင်နိုင်ခြင်းရှိမရှိကို ခမ်းသားငေါဝ်းအနေဖြင့်သီးခြားအတည်ပြုချက်မရရှိသေးပါဘူး။
ပင်းတယမြို့နယ် မြို့ပေါ်ရပ်ကွက်တွင် စစ်ကောင်စီနှင့်ပျူစောထီးများက အိမ်စီးကားများဖြင့် ရှောင်တစ်ခင်ဧည့်စာရင်းဝင်ရောက်စစ်ဆေးမှု ခတ်စိပ်စိပ်ပြုနေကြောင်းဒေသခံများကပြောသည်။
#PPV-006

Leave a Reply

Your email address will not be published. Required fields are marked *