ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၊ ၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းဒေသထွက် နနွင်း အဟောင်းများကို တစ်ပိဿာ ခြောက်ထောင်ကျပ်အထိရရှိနေပြီးစျေးကောင်းရရှိနေ​ကြောင်း တောင်သူများထံသိရသည်။
ထို့အ​ပြင် နနွင်းအခြောက် တစ်ပိဿာကို (၅)ထောင်ဝန်းကျင် အထိ ပေါက်ဈေးရှိ‌ပြီး လှောင်ထားသူများသာ စျေးကောင်းရရှိကြသည်။
“ကျွန်မတို့အိမ်ကအစောရောင်းလိုက်လို့‌ ဈေးကောင်း မရလိုက်ဘူး။ မွေးထားနိုင်တဲ့သူကဈေးကောင်းရတယ်”ဟုနနွင်းစိုက်ပျိုးသူတစ်ဦးကပြောပါတယ်။
ပြီးခဲ့သည့်မေလတွင် နနွင်းမှုန့် တစ်ပိဿာ (၅)ထောင်ဝန်းကျင်နှင့် အခြောက်တစ်ပိဿာကို ၃၅၀၀ ကျပ်အောက်သာရ ရှိကြောင်းသိရသည်။
နနွင်းပွဲစားတစ်ဦးက “ဈေးတက်တော့နနွင်းအခြောက်လိုက်ဝယ်တာမ‌ရောင်းကြဘူး။ ဒီထက်ပိုတက်မယ်ဆိုပြီးတစ်ချို့ကမွေးထားကြတယ်။အရင်နှစ်ထက်စာရင်ဒီနှစ်ဈေးပိုရကြတယ်”ဟုပြောသည်။
ယခင်နှစ်များက စျေးကောင်းမရသည့်အတွက် စိုက်ပျိုးသူလည်းနည်းပါးလာကြောင်းသိရသည်။
နနွင်းကို ဧပြီလနှင့်မေလတွင်စိုက်ကြပြီးတစ်နှစ်လျှင်တစ်ကြိမ်သာစိုက်ပျိုးကာ ဖေဖော်ဝါရီ လတွင် နနွင်းထွက်သည့်ကာလဖြစ်သည်။
မြန်မာနိုင်ငံမှထွက်သည့်နနွင်းများကိုအမေရိကန်၊တရုတ်၊ဂျာမနီ၊ဂျပန်၊ပြင်သစ်၊နယ်သာလန်၊အီတလီနှင့်အိန္ဒိယနိုင်ငံများကိုတင်သွင်းမှုအများဆုံးဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *