ခမ်းသားငေါဝ်း
အောက်တိုဘာ ၃၊ ၂၀၂၃
ထိုင်းနိုင်ငံရောက် ပအိုဝ်းရဟန်သံဃာများဦးဆောင်ပြီး ထိုင်းရောက်ပအိုဝ်းမောင်မယ်များက ၄၈ နှစ်ပြည့် ပအိုဝ်းအာဇာနည်နေ့အထိန်းအမှတ်ကို အောက်တိုဘာ (၂)ရက်ကကျင်းပခဲ့ကြောင်းထိုင်းရောက်လူငယ်တစ်ဦးထံမှသိရသည်။
ပအိုဝ်းအာဇာနည်ခေါင်းဆောင်များကို ဂုဏ်ပြုလေးစား အမှတ်ရနေစေရန် ပအိုဝ်းအာဇာနည်နေ့ ကို ထိုင်းနိုင်ငံရှိ မဟာစူလာကွန်တက္ကသိုလ်ကျောင်းတွင်ကျင်းပကြကြောင်းသိရသည်။
“ပြောချင်တာတော့ထိုင်းနိုင်ငံမှာရှိတဲ့ ပအိုဝ်းလူငယ်တွေပေါ့ ကျွန်တော်တို့နိုင်ငံရေးရဲ့ အခင်းအကျင်းထဲမှာ အရှုတ်ထွေးကြားမှာမှ မိမိအမျိုးသားရဲ့ပန်းတိုင် ရပ်တည်ချက်တိကျခိုင်မာမှု၊ ရပ်တည်ချက်တစ်ခုဖြစ်လာအောင်ပေါ့”ဟု ထိုင်းရောက် ဖြားဗွာလို့ယွဲးအဖွဲ့ဝင်ခွန်ဇော်သက်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ပအိုဝ်းအာဇာနည်ခေါင်းဆောင်ဖြားဗွာလှဖေနိုင်ငံရေးလုပ်ဆောင်ခဲ့သည့်မူဝါဒလမ်းစဥ်ပေါ်လစီများအား မျိုးဆက်သစ်လူငယ်များအားသိလာစေရန်၊ မျိုးဆက်သစ်လူငယ်များ ပအိုဝ်းအမျိုးသားသမိုင်းသိလာစေရန်၊ ပအိုဝ်းအာဇာနည်ခေါင်း ဆောင်များအား မမေ့လျော့စေရန်စသည် ရည်ရွယ် ချက်ဖြင့်ပြုလုပ်ခြင်းဖြစ်ကြောင်း၎င်းကဆက်ပြောသည်။
ထိုင်းရောက်ပအိုဝ်းလူငယ်များက ပအိုဝ်းအာဇာနည်နေ့အထိန်းအမတ်ကို ယခုနှစ်ပါကျင်းပပြုလုပ်သည်မှာ (၆)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်းစုံစမ်းသိရသည်။
ပအိုဝ်းအာဇာနည်နေ့ ကို ​ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားဗွာလှဖေ ကွယ်လွန်သည့် စက်တက်ဘာ ၂၄ ရက်၊ တော်သလင်း လဆုပ် ၅ ရက်နေ့ကို သတ်မှတ် ကြကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *