ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၊ ၂၀၂၃
စစ်ကောင်စီတပ်ဖမ်းဆီးခေါ်ဆောင်သွားသည့်စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်အမျိုးသမီး ကိုယ်ဝန်ပျက်ကျသွားကြောင်း နှီးစပ်သူအမျိုးသားတစ်ဦးထံမှသိရပါသည်။
ဖမ်းဆီးခေါ်​ဆောင်သွားစဥ် စစ်သားများက လမ်းပေါ် ကားခပ်ကြမ်းကြမ်းမောင်းပြန်သည့်အတွက် လနုကိုယ်ဝန်ဆောင်အမျိုးသမီး ကိုယ်ဝန်ပျက်ကျရခြင်း ဖြစ်ကြောင်း နှီးစပ်သူပြောသည်။
” ရဲတွေက ရွာငံဆေးရုံကိုဝင်ပို့သေးတယ် သွေးဆင်းတာမရပ်လာလို့ ပင်းတယဆေးရုံ ရောက်လာတာ အခုဆေးရုံကဆင်းခွင့်မရသေးဘူး ၊ကိုယ်ဝန်သုံးလနဲ့ပျက်ကျတာ” ဟု မပိုးဥနှင့်နီးစပ်သူတစ်ဦးကပြောသည်။
စက်တင်ဘာလ ၂၉ ရက်နေ့လည်ပိုင်းတွင်​စစ်ကောင်စီလက်အောက်ခံရွာငံမြို့နယ်ရဲတပ်ဖွဲ့မှ မပိုးဥ၏ခင်ပွန်းဖြစ်သူ ကိုဝင်းကျော်ကိုရှောင်တစ်ခင်ဝင်ရောက်ဖမ်းဆီးရာတွင်ဖမ်းဆီးမမိဘဲ ဇနီးဖြစ်သူ ကိုယ်ဝန်ဆောင်မပိုးဥကို ဖမ်ဆီးခေါ်ဆောင်သွားခဲ့​ခြင်းဖြစ်သည်။
ကိုဝင်းကျော်ကို စစ်ကောင်စီဖက်ကတော်လှန်ရေးအဖွဲ့များနှင့်ပတ်သက်နေသည်ဟုဆိုကာဖမ်းဝရမ်း
ထုတ်စာရင်းထဲတွင်ပါဝင်နေသူဟုလည်းသိရသည်။
#PPV-006

Leave a Reply

Your email address will not be published. Required fields are marked *