Month: October 2023

တနိုင်ငံလုံးရှိပြည်သူများ၏ လိုလားချက်တစ်ခုဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရန် (၁၀၂၇)စစ်ဆင်ရေး စတင် ဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၇၊၂၀၂၃ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ၊ မြန်မာနိုင်ငံရှမ်းပြည်နယ်အထူးဒေသ(၁) အုပ်ချုပ်ရေးကော်မတီ နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်စစ်‌ရေးကော်မတီ တို့က (၁၀၂၇)စစ်ဆင်ရေးနှင့် ပတ်သက်ပြီး ပြည်သူတစ်ရပ်လုံးအတွက် အိတ်ဖွင့်စာကို ယနေ့အောက်တိုဘာ (၂၇)ရက်နေ့တွင် ထုတ်ပြန်လိုက်ပါသည်။ အိတ်ဖွင့်စာထဲတွင် တနိုင်ငံလုံးရှိပြည်သူများ၏ လိုလားချက်တစ်ခုဖြစ်သော…

ဆောင်းပြောင်းတွင် စားသုံးဆီနှင့်အခြားကုန်ဈေးနူန်းအဆမတန်မြင့်သဖြင့် ဒေသခံများ နောင်တရားသွားရောက်ဝယ်ယူရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၇၊၂၀၂၃ ရှမ်းပြည်တောင်ပိုင်း၊ပင်လောင်းမြို့နယ်ရှိ ဆောင်းပြောင်းကျေးရွာတွင် စားသုံးဆီနှင့်အခြားကုန်များ ကုန်ဈေးနူန်းအဆမတန်မြင့်သဖြင့် ဒေသခံများနောင်တရားမြို့ထိ သွားရောက်ဝယ်ယူရကြောင်းဒေသခံပြောပြချက်အရ သိရသည် ။ ဆောင်းပြောင်းကျေးရွာတွင် ပုံမှန်စားသုံးဆီတစ်ပိဿာ ၁၃၀၀၀ ကျပ်၊မြေပဲဆီတစ်ပိဿာ ၂၀၀၀၀ ကျပ်နှင့် ပုံမှန်စားသုံးဆီ ၁၀ ပိဿာဗုံးကို…

ဒေါရောက်ခူးစစ်ရှောင်စခန်းတွင် စစ်ရှောင်များအတွက် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်‌နေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၇၊၂၀၂၃ ဒီမော့ဆိုအနောက်ဘက်ခြမ်း ဒေါရောက်ခူးစစ်ရှောင်စခန်းတွင် စစ်ရှောင်များအတွက် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်‌နေကြောင်း စစ်ရှောင်တစ်ဦး‌က အောက်တိုဘာ ၂၆ ရက်နေ့တွင် ပြောသည်။ အဆိုပါ စစ်ရှောင်စခန်းတွင် လူဦးရေ ၅၀၀၀‌ ကျော်ရှိပြီး စစ်ရှောင်ကာလကြာလာသည်နှင့်အမျှ…

ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုရှိ‌နေ၍ ဒေသခံများ စပါးရိတ်သိမ်းမရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၆၊၂၀၂၃ ဖယ်ခုံမြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီမှလက်နက်ကြီးပစ်ခတ်မှုများရှိ‌နေသဖြင့် ဒေသခံများစပါးရိတ်သိမ်းရန်မသွားရဲပဲ စပါးပင်များပျက်စီးမည်ကို စိုးရိမ်ရကြောင်း ဒေသခံများထံမှ သိရပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ ကျေးရွာများတွင် အောက်တိုဘာလလောက်မှစပြီး တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုများရှိ‌နေသောကြောင့် ဒေသခံများ…

ကိုးကန့်ဒေသတွင် စစ်ကောင်စီတပ် လေယာဉ်ဖြင့် လာရောက်ဗုံးကြဲပြီး MNDAA တပ် နှင့် တိုက်ပွဲဖြစ်ပွား

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၆၊၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့်ဒေသအတွင်း စစ်ကောင်စီတပ်က လေယာဉ်ဖြစ်လာရောက်ဗုံးကြဲတာကြောင့် နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း The KoKang ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့အောက်တိုဘာလ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် မန်တုံပရွာကို စစ်ကောင်စီတပ်က…

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွက် ရပ်ကွက်အလိုက် မီးပုံးပျံပြုလုပ်ရန် စစ်ကောင်စီက ငွေချပေးပြီး ပြုလုပ်ခိုင်း

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၆၊၂၀၂၃ တောင်ကြီးတန်ဆောင်တိုင်ပွဲအတွက် မီးပုံးပျံများ ပြုလုပ်ရန် စစ်ကောင်စီက တစ်ရပ်ကွက်ကို ငွေ ၁၈ သိန်းကျပ်ပေးကာ ပြုလုပ်ခိုင်း‌နေကြောင်း တောင်ကြီးဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ယခုနှစ် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကျင်းပမည့်တန်ဆောင်တိုင်ပွဲတော်ကို စစ်ကောင်စီက ဖိအားပေးလုပ်ဆောင်ခိုင်းမှုရှိနေပြီ…

အရပ်သားလူနေအိမ်တွင် စစ်ကောင်စီက တပ်စွဲဂိတ်ဖွင့်ထားသဖြင့် မိသားစုဝင်များ ပြောင်းရွှေ့ရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၆၊၂၀၂၃ စစ်ကောင်စီတပ်သားများသည် အရပ်သားပြည်သူနေအိမ်တွင် စစ်ဆေးဂိတ်ဖွင့်တပ်စွဲထားသဖြင့် မိသားစုဝင်များက ကျေးရွာဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့နေထိုင်​​​ရကြောင်း ပြောင်းရွှေ့နေထိုင်မိသားစုနှင့် နီးစပ်သူတစ်ဦးပြောပြချက်အရ သိရသည်။ ရွာငံမြို့နယ် ဘော်ရေဦးကျေးရွာမှ သိမ်ကုန်းကျေးရွာ သွားလမ်းမပေါ်ရှိ ဒေါ်နွဲ့ဦးနေအိမ်အား စစ်ကောင်စီတပ်သားများက ‌အောင်တိုဘာလ ၂၁…

ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာ နှင့် တောင်မဲသင်းကျေးရွာတွင် မိုင်းရှင်းလင်းရန်အတွက်ငွေကောက်ခံခြင်းမရှိဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၆၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊‌နန်းနိမ့်ကျေးရွာနှင့်တောင်မဲသင်းကျေးရွာရှိ နေရပ်ပြန်စစ်ရှောင်များထံ မိုင်းရှင်းလင်းရန်အတွက်ငွေကောက်ခံခြင်းမရှိကြောင်း ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။ နေရပ်ပြန်စစ်ရှောင်ဒေသခံများသည် ဇူလှိုင်လလယ်ကတည်းက နေရပ်ပြန်လာကြပြီး ရွာပတ်ပတ်လည်ရှိ မိုင်းများကို မိုင်းအကြောင်းအနည်းငယ်သိရှိသူဒေသခံများက ကိုယ်တိုင်ရှင်းလင်းခဲ့ကြောင်းသိရသည်။ “တစ်ချို့က မိုင်းအကြောင်းနည်းပါးသိတဲ့သူရှိတယ်။သူတို့တွေဘဲရှင်းပေးတာ။ ပိုက်ဆံကောက်ပြီး ရှင်းပေးတာ ဘာညာတော့မရှိဘူး။”ဟု…

စစ်ရှောင်များ မွေးသည့်ဝက်များ ဝက်နာကျရောဂါဖြစ်ပွားပြီး သေဆုံး

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၆၊၂၀၂၃ ကယား(ကရင်နီ)ပြည် လွိုင်ကော်မြို့နယ်ရှိ စစ်ရှောင်စခန်းများတွင် စစ်ရှောင်များ မွေးမြူထားသည့် ဝက်များ ဝက်နာကျ‌ရောဂါဖြစ်ပွားပြီး သေဆုံးနေကြောင်း စစ်ရှောင်တစ်ဦးပြောပြချက်အရ သိရသည်။ ရောဂါဖြစ်ပွားသောဝက်များသည် အစပိုင်းတွင်တုန်ပြီး အစာမစားဘဲ ဝမ်းချုပ်၊ ဝမ်းပိတ်ဖြစ်ကာ သေဆုံးခဲ့ကြောင်း သိရသည်။…

နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီကြောင့် အမျိုးသမီး (၂၉၃) ဦးသေဆုံး

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၆၊၂၀၂၃ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီကြောင့် အမျိုးသမီး (၂၉၃) ဦးသေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက အောက်တိုဘာလ ၂၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလ ၂၅ ရက်နေ့အထိ…