ခမ်းသားငေါဝ်း
စက်တင်ဘာ ၂၆၊၂၀၂၃
ဆောင်းပြောင်းဒေသ လမ်းမကြီး‌ဘေးနှင့် PNA စခန်းအနီးတွင် ပြောင်းများကို ပေးမစိုက်သဖြင့်‌ တောင်သူများဝင်ငွေနည်းပါးလာရသည်‌‌ဟု ပြောင်းစိုက်‌တောင်သူတစ်‌ဦးက ပြောသည် ။
ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအနီး နန်းနိမ့်ရွာတွင် တိုက်ပွဲဖြစ်ပွားပြီး‌နောက်ပိုင်း PNA ပြည်သူ့စစ်အဖွဲ့က ဩဂုတ်လတွင်‌ ဒေသခံများအား ဘုန်ကြီး‌ကျောင်းသို့ အစည်း‌ဝေးခေါ်ပြီး လမ်းမကြီးဘေးနှင့် PNA စခန်းအနီး‌‌ကို ပြောင်းစိုက်ပျိုးခြင်းပိတ်ပင်ခဲ့ကြောင်း သိရသည်။
“ပြောင်းစိုက်ရမယ့် ခြံက မစိုက်ရဘူးလေ။ မစိုက်ရတော့ ငါတို့မှာလည်း လုပ်စရမရှိဘူး။ သူများနောက်လိုက်ရအောင်လည်း သူများတွေလည်းတစ်နိုင်တစ်ပိုင်ဘဲလုပ်တော့ ဘာဝင်ငွေမရှိဘူး။နှောက်နှစ်ထမင်းငတ်မလားတောင်မသိဘူး” ဟုပြောင်းစိုက်တောင်သူအမျိုးသားတစ်ဦးက ပြောသည်။
‌ဆောင်းပြောင်းကျေးရွာသည် ပြောင်းကိုသာအဓိကထား စိုက်ပျိုးလုပ်ကိုင်နေကြောင်း သိရသည်။
ပြောင်းစိုက်တောင်သူ အမျိုးသမီးတစ်ဦးကလည်း “အမတို့အိမ်က ပြောင်းတစ်ခုဘဲ အားထားဒါဆိုတော့ တစ်ခြားဝင်ငွေမရှိဘူးပေါ့နော်။အရင်နှစ်ကဆို ၅ ခင်းစိုက်ရတယ်။ ဒီနှစ်တော့၂ ခင်းဘဲစိုက်ရတယ်အရင်နှစ်တွေက ရတဲ့ပြောင်းဈေးနဲ့သုံးတာ ပြန်တွက်ရင် မလောက်ဘူး။ ဒီနှစ်တော့သူသူကိုယ်ကိုယ်ရှိဒါလေးနဲ့ဖူလုံပြီးတော့မှဖြတ်သန်းနေကြဒါပေါ့”ဟု ပြောသည်။
ယခင်နှစ်တွင် ပြောင်းကို ၁၀၀ ရာခိုင်နူန်းစိုက်ပျိုးကြပေမဲ့ ယခုနှစ်တွင်ပြောင်းစိုက်ပျိုးမှု ၃၀ ရာခိုင်နူန်းခန့်သာရှိပြီး ပြောင်းစိုက်တောင်သူများ စားဝတ်နေရေးအတွက် အခက်အခဲရင်ဆိုင်ရကြောင်း ပြောင်းစိုက်ပျိုးသူများက ပြောဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *