ခမ်းသားငေါဝ်း
စက်တင်ဘာ ၂၄၊ ၂၀၂၃
ဖက်ဒရယ်မူများနှင့် လိုက်လျောညီထွေမှုရှိစေရန် ပအိုဝ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေအား ကြိုတင် ပြင်ဆင်လျက်ရှိကြောင်း ယနေ့ကျရောက်သည့် (၄၈)ကြိမ်မြောက် ပအိုဝ်းအာဇာနည်နေ့တွင် PNFC မှအသိပေးထုတ်ပြန်လိုက်သည်။
ပအိုဝ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ကြိုတင်
ပြင်ဆင်ရာတွင် ပအိုဝ်းပြည်သူတစ်ရပ်လုံး တူညီသောအမျိုးသားရေးစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင်ပေးကြရန် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)မှ ပန်ကြားထားသည်။
တော်လှန်ရေးခရီးကြမ်းတွင် အံတုတိုက်ပွဲဝင်ခဲ့သော ဖြားဗွာလှဖေနှင့် သူရဲကောင်းအပေါင်းအပါများကျဆုံးသည့် ၁၉၇၅ ခုနှစ်၊ စက်တင်ဘာလ (၂၄)နေ့ အား ဦးညွတ်ဂုဏ်ပြုသောအားဖြင့် ပအိုဝ်းအာဇာနည်နေ့အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြားဗွာလှဖေသည် ပဒေသရာဇ်စနစ်ဆိုးဆန့်ကျင်တော်လှန်ခြင်း(ပထမ)နှင့်အတူ ပအိုဝ်းအမျိုးသား လွတ်မြောက်မှု(ဒုတိယ)တော်လှန်ရေး ဆင်နွှဲနေစဥ်အတွင်း ကျဆုံးခဲ့ရသူလည်းဖြစ်သည်။
ကျဆုံးခဲ့ရသောအာဇာနည်ခေါင်းဆောင်ကြီးများအား ဦးညွတ်ဂုဏ်ပြုလျှက် ” ပအိုဝ်းပြည်နယ်ဖွဲ့
စည်းပုံအခြေခံဥပဒေနှင့် ပအိုင်းအမျိုးသားဒေသ များဆိုင်ရာပြုစုရေးဆွဲရေးလုပ်ငန်းစဥ်ကိုအ
ကောင်အထည်ဖော်ရန်” ယနေ့ပြုလုပ်သော
PNFC ဗဟိုအလုပ်မှုဆောင်အစည်းအဝေးတွင် သဘောတူဆုံးဖြတ်ခဲ့ကြောင်းသိရသည်။
ပအိုဝ်းအမျိုးသားခေါက်ဆောင်ကြီး ဖြားဗွာ ဦးလှဖေ ကွယ်လွန်ခြင်းကိုအစွဲပြုပြီး စက်တင်ဘာ ၂၄ ရက်နှင့် တော်သလင်းလဆုပ် ၅ ရက်နေ့ကို ပအိုဝ်းအာဇာနည်နေ့ အဖြစ်သတ်မှတ်ကြကြောင်းသိရသည်။
#PPV 010

Leave a Reply

Your email address will not be published. Required fields are marked *