ခမ်းသားငေါဝ်း
စက်တင်ဘာ ၂၄၊ ၂၀၂၃
တောထဲရှိပြည်သူ့ကာကွယ်ရေတပ်ဖွဲ့ကိုသွားရောက်ထောက်ပံ့မှုမပြုလုပ်နိုင်ရန် စစ်ကောင်စီက ဒေသခံများ သွားလာခွင့်ကို ထိန်းချုပ်ထားသည်။
ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာဒေသခံများကို တောခြံသွားလာခွင့်နှင့် ရွာအပြင်ထွက်ခွင့်များကို စစ်ကောင်စီတပ်သားများထံလက်မှတ်ရေးထိုးပြီး သွားလာရကြောင်းစုံစမ်းသိရှိရပါသည်။
”သွားလာခွင့်လက်မှတ်တွေနဲ့အကြပ်ကိုင်ထားတော့ တော်လှန်ရေးအဖွဲ့တွေနဲ့ လုံးဝမပတ်သက်တော့ဘူးလို့ မိသားစုအလိုက်လက်မှတ်ထိုးသူတွေရှိတယ်” ဟု နွားဘန်းကြီးကျေးရွာသူတစ်ဦးကပြောပါသည်။
ထိုသို့ စိုက်ပျိုးရာသီအချိန်တွင် ခံဝန်လက်မှတ်ခနခန သွားထိုးရသောကြောင့် တောခြံသွားလာလုပ်ကိုင်သူများ အဓိကအခက်အခဲကြုံတွေ့ရကြောင်း ဒေသခံ ကပြော သည်။
စစ်ကောင်စီတပ်သားများက ကျေးရွာဆေးခန်းနှင့် ခန်းမများတွင် လက်ရှိအချိန်ထိ အင်အား ၆၀ ကျော်၊ အခိုင်အမာတပ်စွဲနေထိုင်သောကြောင့် ဒေသခံ များ ကြောက်လန့်နေရသည်ဟုဆက်ပြောပါသည်။
စက်တင်ဘာလ ၃ ရက်နေ့တွင် စစ်ကောင်စီစစ်ကြောင်းကို YPDF က နွားဘန်းကြီးအနောက်ဘက်၌ တိုက်ခိုက်ခဲ့ပြီးနောက် ကျေးရွာတွင်း ဖြတ်လေးဖြတ်စတင်ပြုလုပ်ခဲ့သည်။