ခမ်းသားငေါဝ်း
စက်တင်ဘာ ၂၃၊ ၂၀၂၄
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး-DPLF က ရပ်စောက်မြို့ရှိ ကျေးရွာအချို့ကိုစည်းရုံးရေးဆင်းခဲ့ပြီးနောက် အဆိုပါကျေးရွာများသို့ စစ်ကောင်စီတပ်သားများရောက်လာပြီး လျှပ်စစ်မီးများဖြတ်လိုက်သည်ဟု ဒေသခံများထံမှ သိရသည်။
ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ကောင်းဘို့ကျေးရွာအုပ်စုတွင်းရှိ ကျေးရွာအချို့ကို DPLF ကစက်တင်ဘာ ၁၉ ရက်က ကျေးရွာအတွင်းစည်းရုံးရေးဆင်းစစ်ရေးလှုပ်ရှားလာသည်ဟု မဲတောကျေးရွာဒေသခံတစ်ဦးကပြောသည်။
” စစ်သားပဲလာလာ တော်လှန်ရေးအဖွဲ့ပဲလာလာ လျှပ်စစ်မီးဖြတ်ဖို့အကြောင်းမှမဟုတ်တာ” ဟု မဲတောကျေးရွာမှာနေထိုင်သူ အမျိုးသားတစ်ဦးကပြောပါသည်။
ကောင်းဘို့ကျေးရွာ၊ မဲတောကျေးရွာ၊ ပန်းပုံကျေးရွာများတွင် စက်တင်ဘာလ ၁၉ ရက်နေ့မှ ယနေ့အချိန်ထိ လျှပ်စစ်မီးမလာသေးကြောင်းသိရပါသည်။
ထိုကျေးရွာများတွင် လျှပ်စစ်မီးလိုင်းဖြတ်တောက်ထားသည့်အပြင် စစ်ကောင်စီက ညအချိန်၌ ဧည့်စာရင်းလိုက်လံစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ၄င်းကဆက်ပြောပါသည်။
စစ်ကောင်စီတပ်များသည် လက်ရှိအချိန်တွင်ကျေး ရွာ ဘုန်းကြီးကျောင်း၌တပ်စွဲနေထိုင် လျက်ရှိသည်။
ယခင်က စစ်ကောင်စီတပ်သားများရောက်လာချိန်တွင်လည်းလျှပ်စစ်မီများ ဖြတ်တောက်ထားလေ့ရှိကြောင်းဒေသခံများထံသိရ သည်။