ခမ်းသားငေါဝ်း
စက်တင်ဘာ ၂၄၊ ၂၀၂၃
စစ်အာဏာသိမ်းပြီးနောက် လွိုင်လင်မြို့အနောက်ဘက်ရှိတောင်ပေါ်ဒေသများတွင် ဘိန်းစိုက်ပျိုးမှုများလာပြီး ယခင်နှစ်ကလို ဘိန်းခင်းများဖျက်ဆီး ခံရမည်ကိုစိုးရိမ်ကြောင်းဒေသခံများထံမှသိရသည်။
ပြီးခဲ့သည့်နှစ် နှစ်ကုန်ပိုင်းကဘိန်းပန်းပွင့်ချိန်တွင် အဆိုပါဒေသရှိ ဘိန်းခင်းပုံများအွန်လိုင်းတွင်ပျံ့နှံ့ခဲ့ပြီး ဘိန်းခင်းအကုန်လုံးနီးပါးဖျက်ဆီး ခံခဲ့ရကြောင်းဆိုသည်။
“အဲ့ချိန်က လက်ကမြင်းထပြီးပုံရိုက်ပြီးလိုင်းပေါ်တင်လိုက်လို့တဲ့ အဲ့နဲ့ရဲတွေ စစ်သားတွေက ဓားမြောင်နဲ့အသီးဖျက်တာရှိတယ် တချို့လည်းစက်နဲ့အကုန်ပါပြောင်ပြီးလာဖျက်ဆီးသွားတာ”ဟု အမည်မဖော်လိုသည့်ဒေသခံတစ်ဦးကပြောသည်။
ဘိန်းခင်းပုံ အွန်လိုင်းပေါ်ပျံ့ပြီးနောက် ရဲနှင့်စစ်သား ဦးရေ (၅၀)ဝန်းကျင် လာရောက်ပြီး ဖျက်ဆီးခဲ့သည်။
ယခင်က တစ်နှစ်တစ်ကြိမ် ဘိန်းခင်းများလာရောက်ဖျတ်ဆီးလေ့ရှိသော်လည်း အပေါ်ယံသာ တုတ်ဖြင့်ရိုက်ခြင်း ဘိန်းခြံတစ်ခြံလျှင် ဘိန်းခင်းအနည်းငယ်စီသာ ဖျက်ဆီးလေ့ရှိသည်ဟု ဘိန်းစိုက်တောင်သူတစ်ဦးကဆိုသည်။
ယမန်နှစ်ကတော့ဟန်ပြမဟုတ်ဘဲ ရက်ဆက်တိုက်လာရောက်ဖျက်ဆီးခဲ့ကြောင်း၎င်းကဆက်ပြောသည်။
စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုဧရိယာ သုံးပုံ တစ်ပုံတိုးမြင့်လာသည်ဟု ၂၀၂၃ ဇန်နဝါရီလမှာ ထုတ်ပြန်သည့် UNODC အစီရင်ခံစာအရသိရသည်။
အထူးသဖြင့် ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှု ၃၉ ရာခိုင်နှုန်းတိုးမြင့်လာသည်ဟု ယင်းအစီရင်ခံစာက ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *