ခမ်းသားငေါဝ်း
စက်တင်ဘာ ၅၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နောင်တရားမြို့အရှေ့ဖက်ခြမ်းရှိကျေးရွာများတွင် PNO/PNA အဖွဲ့က ၎င်းတို့၏တပ်ထဲ ဝင်ရောက်ကြရန်‌ ဒေသခံများခေါ်စုပြီး လိုက်ဟောပြောစည်းရုံးနေ ကြောင်း သိရသည်။
စက်တင်ဘာလ၂ ရက်နေ့က ဟောပြောစည်းရုံးပွဲ ပြုလုပ်ခဲ့သည့် နောင်တရားမြို့အရှ့ဖက်ခြမ်း‌ ကျေးရွာတွင် ၎င်းတို့ လူခေါ်စုသည့်ဟော‌ပြောပွဲကို ဒေသခံများမှ တစ်အိမ်တစ်ယောက် မတက် မနေရအတင်းအဓမ္မတက်ရောက်ခိုင်းခြင်းရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
” သူတို့ ဟောပြောပွဲ လုပ်တဲ့အချိန် စားတာကအစ ရွာသားတွေ စီစဉ်ပေးရတယ် တစ်အိမ်တစ်ထောင် ကောက်တယ် အတင်းအဓမ္မမလည်း လာတက်ခိုင်းတယ် ဟောပြောတဲ့ရက်မှာ ရွာထဲ သူတို့တပ်သားအများကြီး ချထားတယ် သူတို့တပ်သားက ခုထိ မပြန်သေးဘူး ရွာထဲမှာ လှည့်ပတ်နေတုန်း သေနတ် တွေနဲ့”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ပင်လောင်း ၊နောင်တရား ဒေသတွင် ၂၀၂၃ ခုနှစ်အတွင်း လတိုင်းလတိုင်း PNO ပြည်သူ့စစ်က စစ်သားအတင်းစုဆောင်းခြင်း၊ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ဒေသခံများထံ ငွေကြေးကောက်ခံခြင်းများ ရှိနေခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ‌စစ်သားအတင်းအဓမ္မစုဆောင်းခြင်း ငွေ ကြေးကောက်ခံခြင်းများကြောင့် ဒေသခံပြည်သူများသည် စားဝတ်နေရေးအတွက် အခက်ခဲများ ဖြစ်နေရကြောင်း ဒေသခံများက ပြောဆိုကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *