ခမ်းသားငေါ၀်း
စက်တင်ဘာလ ၄၊ ၂၀၂၃
တိုက်ပွဲ ကြောင့်နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည့် ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်‌ ကျေးရွာရှိ ဒေသခံ​ပြည်သူများသည် မိမိနေအိမ်သို့ပြန်လာပြီး စိုက်ပျိုးလုပ်ကိုင် နေကြပြီဖြစ်ကြောင်းစက်တင်ဘာလ ၄ ရက်နေ့ကသိရသည်။
နန်းနိမ့်ကျေးရွာဒေသခံများသည် တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ်ရှိ ပင်ခွန် စစ်ရှောင်စခန်း၊ နန်းထာစစ်ရှောင်စခန်း၊ ပင်လောင်းစစ်ရှောင်စခန်း၊နောင်တရားစစ်ရှောင်စခန်း၌ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
“ကျွန်မတို့ပြန်လာတာက၂ လလောက်ရှိပြီအစပိုင်းတော့အိပ်‌ တောင်မအိပ်ရဲဘူးအသွားအပြန်လုပ်ပြီးခြံတွေသွားတယ်။ ခုတော့တော်‌တော်များပြန်လာနေကြပြီ။ တစ်ခါတစ်လေလက်နက်ကြီးအသံကြား‌ရပေမဲ့မိသားစုစားဝတ်နေရေးရှိသေးတော့ ကြောက်ကြောက်နဲ့ပြန်လာပြီးလုပ်ကိုင်နေကြတယ်။တစ်ချို့ကသူတို့ကလေးတွေကျောင်းတတ်နေလို့မပြန်လာတာလည်းရှိတယ်”ဟု‌နေရပ်ပြန် ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။
နန်းနိမ့်ကျေးရွာတွင်အိမ်ခြေ ၂၀၀ ခန့်ရှိပြီး လက်ရှိတွင်အိမ်ခြေ ၁၅၀ ကျော်က ပြန်လာနေပြီဖြစ်ပြီး မီးလောင်ရာတွင်နေအိမ်ပါသွားသည့်သူများက နေရပ်မပြန်နိုင်သေးကြောင်းသိရသည်။
ပင်လောင်းမြို့နယ်နန်းနိမ့်ရွာကိုမတ်လ ၁၁ ရက်နေမှာစစ်ကောင်စီတပ်သားတွေကဝင်ရောက်စီးနင်းခဲ့ပြီးဘုန်းကြီးသုံးပါးနှင့်ကျေးရွာသား၂၁ ဦးသတ်ဖြတ်ကာ နန်းနိမ့်ရွာကိုမီးရှို့ခဲ့သဖြင့်နေအိမ် ၆၀ ခန့်မီးလောင်ခဲ့ကြောင်းသိရသည်။