ခမ်းသားငေါဝ်း
စက်တင်ဘာ ၅၊၂၀၂၃
တိုက်ပွဲကြောင့်စစ်ဘေးတိမ်းရှောင်ခဲ့ရသည့်ရှမ်းပြည် နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တောင်မဲသင်း ဒေသခံများ ပြန်လည်ထူထောင်ရေးအတွက်အခက်ခဲရှိနေကြောင်းသိရသည်။
စစ်​ဘေးရှောင်ခဲ့ရသည့် တောင်မဲသင်းဒေသခံများသည် ဇူလိုင်လလယ်ကတည်းက နေရပ် ပြန်လာကြသော်လည်း စားဝတ်နေရေးအတွက်အခက်ခဲကြုံတွေ့နေရကြောင်းသိရ သည်။
“ရွာကိုစပြန်တဲ့ရက်ကဆိုခုထိမေ့လို့မရသေးဘူး။ခြောက်ကပ်ပြီးအိမ်တွေဆိုတော်တော်များများပျက်စီးနေတာမြင်ရတယ် အိမ်ပေါ်တက်တော့လည်းတစ်အိမ်လုံးကိုမွှေထားတာ ဘာမှရစရာမရှိဘူး။ ဆန်၊ ဆီ၊ စပါး စားလို့ရတဲ့ဟာဆိုလည်းမကျန်ဘူးယူသွားကြတယ်။စိုက်ပျိုးဖို့မျိုးစေ့တွေလည်းအကုန်ပြန်ဝယ်ရတယ်”ဟု တောင်မဲသင်း ဒေသခံတစ်ဦးကပြောသည်။
ထိုဒေသတွင် ပြောင်း၊စပါး၊နှမ်း၊မြေပဲ၊ငရုပ်သီးစ သည့်သီးနှံများကိုအဓိကထားပြီးစိုက်ပျိုးကြောင်းသိရသည်။
စိုက်ပျိုးသီးနှံများစိုက်ပျိုးရာတွင်လည်း မိုင်းအန္တရာယ်ကြောက်သည့်အတွက် ခြံ၊ ယာများ မသွားရဲကြကြောင်းသိရသည်။
အခြားဒေသခံတစ်ဦးကလည်း “အရင်နှစ်ကဒီအချိန်အများကြီးစိုက်ပြီးပြီ ဒီနှစ်တော့အိမ်ရဲ့ပတ်လည်ပဲစိုက်ရတယ် ခြံအဝေးဆိုမသွားရဲဘူးမိုင်းတွေထောင်ထားမှာကြောက်ရတယ်။အိမ်မှာပြန်နေရတာတစ်ခုတော့ဖြေသာလို့ရတယ်။ဝင်ငွေတော့အရင်နှစ်လိုမရှိတော့ဘူး။ဝင်ငွေမရှိတော့ပျက်စီး နေတဲ့ဘုန်းကြီးကျောင်းတွေနေအိမ်တွေကိုတော့မပြင်နိုင်သေးဘူး”ဟုပြောသည်။
တောင်မဲသင်းကျေးရွာတွင်အိမ်ခြေ ၃၀၀ ခန့်ရှိပြီးတိုက်ပွဲကြောင့်ဘုန်းကြီကျောင်းနှင့်အိမ် ၁၀ လုံးထက်မနည်းပျက်စီးခဲ့ကြောင်းသိရသည်။
ထိုဒေသတွင်ပြီးခဲ့သည့် မတ်လကတိုက်ပွဲဖြစ်ပွားပြီးနောက် နေအိမ်နှင့်ဘုန်းကြီးကျောင်းများပျက်ဆီးခဲ့ကြောင်းသိရသည်။
ပုံစာ- တောင်မဲသင်း စျေး။

Leave a Reply

Your email address will not be published. Required fields are marked *