ခမ်းသားငေါဝ်း
စက်တင်ဘာ ၅၊၂၀၂၃
ကယား(ကရင်နီ)ပြည်နယ်တစ်ဝှမ်းနှင့် ဒီးမောဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီတပ်ကထိန်းချုပ်​နိုင်ရေးအတွက် သြဂုတ်လ ၂ ရက်နေ့မှစ၍ စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲ ၅၀ ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၁၀ ဦး သေဆုံးကာ စစ်သုံ့ပန်း ၃ ဦး နှင့်လက်နက်ခဲယမ်များဖမ်းဆီးရမိ​ကြောင်း ယနေ့တွင် KNDFမှ ထုတ်ပြန်ထားပါသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု့ ၄၅ ကြိမ်ပြုလုပ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦးသေးဆုံးခဲ့ကာ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၂ဦးသေဆုံးခဲ့ရကြောင်း ဖော်ပြထားပါသည်။
ဒီးမောဆို ၊ဖရူဆို ၊လွိုင်ကော်၊ဖားဆောင်း၊မယ်စဲ့မြို့နယ်များအတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ တပ်မ ၅၅ လက်အောက်ခံတပ်ရင်းများသည် ဒီးမော့ဆို၊ဖရူဆိုလမ်းကြောင်းအတိုင်းစစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်ခဲ့ကြောင်းပါရှိသည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု့ လက်နက်ကြီးပစ်ခတ်မှုများကြောင့် သြဂုတ်လအတွင်း ပြည်သူနေအိမ် ၂၀ လုံး၊ ခရစ်ယာန်ဘုရားကျောင်း ၁ ခုနှင့် စာသင်ကျောင်း ၂ ကျောင်းပျက်စီးခဲ့ကြောင်း သိရပါသည်။
စစ်ကောင်စီတပ်ဖွဲဲ့ဝင်များကို ခုခံတော်လှန်ကြသည့် KNDFမှ ရဲဘော် ၅ ဦး ကျဆုံးခဲ့ပြီး ကျဆုံးခဲ့သည့် ရဲဘော်များအား အမျိုးသားအာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ကြောင်း ဖော်ပြထားပါသည်။